bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 25
Deuteronomy 25
Burmese MSBU
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 26 →
1
လူနှစ်ယောက် ခိုက်ရန်ဖြစ်ပွားကြလျှင် တရားရုံးသို့သွားရမည်။ တရားသူကြီးသည် ဖြောင့်မတ်သောသူကို အပြစ်မရှိဟုစီရင်ရမည်။ ဆိုးယုတ်သောသူကို အပြစ်ရှိသည်ဟုစီရင်ရမည်။
2
အပြစ်ရှိသောသူသည် ကြိမ်ဒဏ်ခံသင့်လျှင် တရားသူကြီးသည် မိမိရှေ့၌ သူ့ကိုမှောက်စေပြီး သူ၏ဆိုးယုတ်မှုနှင့်ထိုက်တန်သည့် ကြိမ်ဒဏ်အရေအတွက်အတိုင်း ရိုက်စေရမည်။
3
ထိုသူကို အချက်လေးဆယ်ထက် ပိုမရိုက်ရ။ ထို့ထက်ပိုရိုက်လျှင် သင့်အမျိုးသားချင်းသည် အရှက်ရလိမ့်မည်။
4
တလင်းနယ်နေသည့် နွားကို ပါးချုပ်မတပ်ရ။
5
အတူနေထိုင်သောညီအစ်ကိုတို့ထဲမှ တစ်ယောက်သည် သားမရှိဘဲ သေဆုံးခဲ့လျှင် သေဆုံးသူ၏မယားသည် အပြင်သူစိမ်းယောက်ျားနှင့် မစုံဖက်ရ။ သူ့ယောက်ျား၏ညီသည် သူ့ထံသို့ဝင်၍ သူနှင့်စုံဖက်ရမည်။ သူ့အပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုယူရမည်။
6
သေဆုံးသွားသောအစ်ကို၏အမည်သည် အစ္စရေးလူမျိုးထဲမှ ပျောက်ပျက်မသွားမည့်အကြောင်း ထိုမိန်းမမွေးဖွားသောသားဦးသည် အစ်ကို၏အမည်ကိုဆက်ခံရမည်။
7
ထိုယောက်ျားသည် မရီးကိုမယူလိုလျှင် မရီးသည် သက်ကြီးဝါကြီးတို့ရှိရာ မြို့တံခါးသို့သွား၍ ‘ကျွန်မ၏မတ်သည် အစ္စရေးလူမျိုးထဲ၌ သူ့အစ်ကို၏အမည်ဆက်ရှိနေစေရမည်ကို သူမပြုလိုပါ။ သူသည် ကျွန်မအပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုမယူလိုပါ’ဟု ပြောကြားရမည်။
8
မြို့၏သက်ကြီးဝါကြီးတို့သည် သူ့ကိုခေါ်ပြောရမည်။ သူက‘အကျွန်ုပ်သည် ဤမိန်းမကိုမယူလိုပါ’ဟု အခိုင်အမာဆိုလျှင်
9
သူ၏မရီးသည် သူ့ထံသို့ သွား၍ သက်ကြီးဝါကြီးတို့ရှေ့၌ သူ့ခြေမှ ဖိနပ်ကိုချွတ်ယူပြီး သူ၏မျက်နှာကို တံတွေးထွေးကာ ‘ကိုယ့်အစ်ကို၏အိမ်ကိုမတည်ဆောက်သောသူအား ဤသို့ပြုရသည်’ဟု ပြောရမည်။
10
သူ၏အမည်ကိုလည်း အစ္စရေးလူမျိုးတို့တွင် ‘ဖိနပ်ချွတ်ခံရသောအမျိုး’ဟု ခေါ်တွင်စေရမည်။
11
ယောက်ျားနှစ်ဦးရန်ဖြစ်ကြ၍ တစ်ဦး၏မယားသည် မိမိလင်ယောက်ျားကိုရိုက်နှက်နေသောသူ၏လက်မှလွတ်မြောက်စေလိုသဖြင့် ဝင်၍ ထိုသူ၏ယောက်ျားတန်ဆာကို လှမ်းဆွဲမည်ဆိုလျှင်
12
ထိုမိန်းမ၏လက်ကို ဖြတ်ရမည်။ သူ့ကို မသနားရ။
13
သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအလေးဟူ၍ အချိန်ချင်းမတူသောအလေးမရှိရ။
14
သင့်အိမ်၌ ကြီးသောတောင်း၊ ငယ်သောတောင်းဟူ၍ အဝင်ချင်းမတူသောခြင်တောင်းမရှိရ။
15
သင်၏အလေး ပြည့်ရမည်၊ မှန်ကန်ရမည်။ သင်၏ခြင်တောင်း ပြည့်ရမည်၊ မှန်ကန်ရမည်။ သို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်သည် အသက်ရှည်မည်။
16
အကြောင်းမူကား ထိုသို့သောအားဖြင့် မတရားသောအမှုကိုပြုသောသူအပေါင်းတို့အား သင်၏ဘုရားသခင်ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။
17
အီဂျစ်ပြည်မှ သင်ထွက်လာ၍ ခရီးပြုကြစဉ် အာမလက်လူမျိုးတို့သည် သင့်အား မည်ကဲ့သို့ပြုခဲ့သည်ကို အောက်မေ့လော့။
18
သင်မောပန်းလျက် ခြေကုန်လက်ပန်းကျနေသောအချိန်တွင် လမ်းခရီး၌ သင့်ကိုတွေ့၍ နောက်၌ကျန်ရစ်ခဲ့သောသူအပေါင်းတို့ကို သတ်ဖြတ်ခဲ့ကြ၏။ သူတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြ။
19
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် အပိုင်ပေးတော်မူသောပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသောအခါ အာမလက်လူမျိုးတို့နှင့်ဆိုင်သောအမှတ်ရစရာအား မိုးကောင်းကင်အောက်မှ ပျောက်ပျက်စေရမည်ကို မမေ့လျော့နှင့်။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34