bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 13
Deuteronomy 13
Burmese MSBU
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 14 →
1
သင်တို့တွင် ပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ ပေါ်လာ၍ နိမိတ်လက္ခဏာ၊ သို့မဟုတ် အံ့ဩဖွယ်အမှုကိုပြုပြီး
2
ထိုနိမိတ်လက္ခဏာ၊ သို့မဟုတ် အံ့ဩဖွယ်အမှုတို့လည်း ပြည့်စုံလာပြီး ‘သင်တို့မသိသောအခြားဘုရားများနောက်သို့ လိုက်သွားကြကုန်စို့။ ဝတ်ပြုကြကုန်စို့’ဟု သင်တို့အားဆိုလျှင်လည်း
3
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ သူ၏စကားတို့ကို နားမထောင်နှင့်။ အကြောင်းမှာ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်သည်၊ မချစ်သည်ကိုသိရှိတော်မူရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို စမ်းသပ်တော်မူ၏။
4
သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော်သို့လိုက်ရမည်။ ကိုယ်တော်ကိုကြောက်ရွံ့၍ ပညတ်တော်ကိုစောင့်ထိန်းရမည်။ စကားတော်ကိုနားထောင်ရမည်။ ကိုယ်တော်ကိုဝတ်ပြု၍ ကိုယ်တော်၌ဆည်းကပ်ရမည်။
5
ထိုပရောဖက်ဖြစ်စေ၊ အိပ်မက်အနက်ဖတ်တတ်သူဖြစ်စေ အီဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်တော်မူသော၊ ကျွန်ခံရာအိမ်မှသင်တို့ကိုရွေးနုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆန့်ကျင်ပုန်ကန်ပြောဆို၍ သင်တို့လိုက်လျှောက်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်လမ်းမှ သင်တို့ကိုလွဲသွားစေသောကြောင့် သူသည် အသတ်ခံရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင်တို့ထဲမှဖယ်ရှားပစ်ရမည်။
6
သင်၏မအေတူဖအေကွဲညီအစ်ကိုဖြစ်စေ၊ သင်၏သားသမီးဖြစ်စေ၊ သင်၏ရင်ခွင်၌ရှိသောမယားဖြစ်စေ၊ အရင်းနှီးဆုံးမိတ်ဆွေဖြစ်စေ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသောအခြားဘုရားများဖြစ်သည့်
7
သင်၏အနီးပတ်ပတ်လည်၌ရှိသောလူမျိုးတို့၏ဘုရား၊ မြေကြီးတစ်ဖက်စွန်းမှတစ်ဖက်စွန်းတိုင်အောင် အဝေး၌ရှိသောလူမျိုးတို့၏ဘုရားတို့ကို ‘ငါတို့သွား၍ဝတ်ပြုကြစို့’ဟု သင့်ကို တိတ်တဆိတ်သွေးဆောင်လျှင်
8
သင်သည် ထိုသူကို မလိုက်လျောရ။ နားမထောင်ရ။ မသနားရ။ မညှာတာရ။ အကာအကွယ်မပေးရ။
9
သင်သည် ထိုသူကို အမှန်တကယ်သတ်ရမည်။ သူ့ကိုသတ်ရာတွင် သင်အဦးဆုံးပြုရမည်။ ထို့နောက်မှ ကျန်သောသူအပေါင်းတို့သည် ပြုရမည်။
10
ထိုသူသည် ကျွန်ခံရာအိမ်အီဂျစ်ပြည်မှသင့်ကိုထုတ်ဆောင်တော်မူခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားထံတော်မှ သင့်ကို လွဲသွားစေရန်ရှာကြံသောကြောင့် သင်သည် ထိုသူကို ခဲနှင့်အသေပေါက်သတ်ရမည်။
11
သို့မှသာ အစ္စရေးလူမျိုးအပေါင်းတို့သည်ကြား၍ ကြောက်ရွံ့သဖြင့် သင်တို့တွင် ဤမကောင်းမှုမျိုးကို နောက်တစ်ဖန်မပြုဘဲနေကြလိမ့်မည်။
12
သင်၏ဘုရားသခင်ထာဝရဘုရားက သင်နေထိုင်ဖို့ ပေးထားသော မြို့တစ်မြို့တွင်
13
ဆိုးညစ်သောသူတို့ထကြွပြီး သင်မသိသောအခြားဘုရားများကို ‘ငါတို့သွား၍ ဝတ်ပြုကြစို့’ဟု ဆိုလျက် သူတို့သည် သူတို့မြို့၌နေထိုင်သောသူတို့ကို ဖြားယောင်းသွေးဆောင်နေကြောင်း သင်ကြားလျှင်
14
မေးမြန်းရှာဖွေ၍ အသေအချာစစ်ဆေးရမည်။ သင်တို့တွင် ထိုသို့သောစက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြောင်း မှန်ကန်သည်ဆိုလျှင်
15
သင်သည် ထိုမြို့၌နေထိုင်သောသူတို့ကို ဓားဖြင့် အသေသတ်ရမည်။ ထိုမြို့နှင့်တကွ ထိုမြို့၌ရှိသောအရာအားလုံးနှင့် တိရစ္ဆာန်တို့ကို ဓားဖြင့် အကုန်အစင်ဖျက်ဆီးရမည်။
16
ထိုမြို့မှတိုက်ယူသောပစ္စည်းရှိသမျှတို့ကို လဟာပြင်အလယ်၌စုပုံ၍ သင်၏ဘုရားသခင်ထာဝရဘုရားထံ ထိုမြို့နှင့်တကွ တိုက်ယူသောပစ္စည်းရှိသမျှတို့ကို အကုန်အစင်မီးရှို့ပူဇော်ရမည်။ ထိုမြို့သည် အပျက်အစီးပုံကြီး အစဉ်ဖြစ်ရမည်။ နောက်တစ်ဖန် မတည်ဆောက်ရ။
17
ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည်ပြေ၍ သင့်ကို သနားစုံမက်တော်မူမည့်အကြောင်း၊ သင့်ကို သနားစုံမက်၍ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင့်ကိုတိုးပွားစေတော်မူမည့်အကြောင်း သင်သည် ကျိန်ခြင်းခံရသောအရာတစ်စုံတစ်ခုကိုမျှ သင်၏လက်ထဲ၌ မထားရ။
18
ထိုသို့ သင်၏ဘုရားသခင်ထာဝရဘုရား၏မျက်မှောက်တော်၌ ဖြောင့်မှန်သောအမှုကိုပြု၍ ယနေ့ သင့်အား ငါမှာကြားသော ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ကိုစောင့်ထိန်းခြင်းဖြင့် သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုနားထောင်ရမည်။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34