bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 27
Deuteronomy 27
Burmese MSBU
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 28 →
1
တစ်ဖန် မောရှေနှင့်အစ္စရေးသက်ကြီးဝါကြီးတို့သည် လူတို့အား “ယနေ့ သင်တို့အား ငါမှာကြားသည့် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းလော့။
2
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ရောက်သောနေ့၌ ကျောက်တုံးကြီးများကိုဆင့်၍ ထုံးသုတ်ရမည်။
3
သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသော နို့နှင့်ပျားရည်စီးသောပြည်သို့ဝင်ရောက်သောအခါ ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရေးသားထားရမည်။
4
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးပြီးမှ ယနေ့ သင်တို့အား ငါမှာကြားထားသည့်အတိုင်း ဧဗလတောင်ပေါ်၌ ထိုကျောက်တုံးများကိုဆင့်၍ ထုံးသုတ်ရမည်။
5
ထိုတောင်ပေါ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်။ ထိုယဇ်ပလ္လင်ကို ကျောက်တုံးဖြင့် တည်ရမည်။ ကျောက်တုံးများကို သံလက်နက်ကိရိယာဖြင့် မထုဆစ်ရ။
6
သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ကို သဘာဝကျောက်တုံး များဖြင့် တည်၍ ထိုယဇ်ပလ္လင်ပေါ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကို ပူဇော်ရမည်။
7
မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။ သင်တို့သည် ထိုတောင်ပေါ်တွင်စားသောက်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။
8
ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရှင်းလင်းပြတ်သားစွာရေးသားထားရမည်”ဟု မှာကြားလေ၏။
9
တစ်ဖန် မောရှေနှင့် လေဝိအမျိုးယဇ်ပုရောဟိတ်တို့က အစ္စရေးလူမျိုးအပေါင်းတို့အား “အို အစ္စရေးလူမျိုးတို့၊ တိတ်ဆိတ်စွာနေ၍နားထောင်ကြလော့။ ယနေ့ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏လူမျိုးတော်ဖြစ်လာကြပြီ။
10
ထို့ကြောင့် သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်၍ ယနေ့ သင်တို့အား ငါမိန့်မှာသော ကိုယ်တော်၏ပညတ်တော်များ၊ ပြဋ္ဌာန်းချက်များကို လိုက်နာရမည်”ဟု ဆိုလေ၏။
11
ထိုနေ့၌ မောရှေက လူမျိုးတော်အား
12
“သင်တို့သည် ဂျော်ဒန်မြစ်ကိုကူးပြီးသည့်နောက် လူတို့အားကောင်းချီးစကားပြောကြားသောအခါ ရှိမောင်အမျိုး၊ လေဝိအမျိုး၊ ယုဒအမျိုး၊ ဣသခါအမျိုး၊ ယောသပ်အမျိုး၊ ဗင်္ယာမိန်အမျိုး တို့သည် ဂေရဇိမ်တောင်ပေါ်၌ ရပ်နေရမည်။
13
ကျိန်ခြင်းစကားပြောကြားသောအခါ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ အာရှာအမျိုး၊ ဇာဗုလုန်အမျိုး၊ ဒန်အမျိုး၊ နဿလိအမျိုး တို့သည် ဧဗလတောင်ပေါ်၌ ရပ်နေရမည်။
14
လေဝိအမျိုးတို့က အစ္စရေးအမျိုးသားအပေါင်းတို့အား
15
‘ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသောအရာဖြစ်သည့် ရုပ်တုဆင်းတုကို လက်မှုအတတ်ဖြင့် သွန်းလုပ်၍ လျှို့ဝှက်သောနေရာ၌စိုက်ထူသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ကျယ်လောင်သောအသံဖြင့် ဆိုရမည်။ ထိုအခါ လူအပေါင်းတို့က ‘အာမင်’ဟု ပြန်ဆိုရမည်။
16
‘မိမိ၏မိဘကို မထီလေးစားပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
17
‘မိမိအိမ်နီးချင်း၏နယ်နိမိတ်မှတ်တိုင်ကိုရွှေ့သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
18
‘မျက်စိမမြင်သောသူကို လမ်းလွဲစေသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
19
‘တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ရထိုက်သော တရားမျှတမှုကို ပိတ်ပင်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
20
‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူ သည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
21
‘တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
22
‘မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမနှင့် မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
23
‘မိမိယောက္ခမနှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
24
‘မိမိအိမ်နီးချင်းကို လျှို့ဝှက်စွာသတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
25
‘အခကြေးငွေယူ၍ အပြစ်မဲ့သောသူအား သတ်သောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
26
‘ဤတရားစကားများကို မလိုက်နာ၊ မစောင့်ထိန်းသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 28 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34