bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 26
Deuteronomy 26
Burmese MSBU
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 27 →
1
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ် ပေးတော်မူသောပြည်ကို သင်သိမ်းပိုက်၍ ထိုပြည်၌ နေထိုင်သောအခါ
2
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်မှထွက်ရှိသည့် မြေအသီးအနှံအားလုံး၏အသီးဦးအချို့ကိုယူ၍ တောင်းထဲထည့်ပြီးလျှင် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
3
သင်သည် ထိုအချိန်တွင် တာဝန်ကျသောယဇ်ပုရောဟိတ်ထံသို့သွား၍ ‘ထာဝရဘုရားက ထိုပြည်ကိုအကျွန်ုပ်တို့အား ပေးမည်ဟု အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်သို့ အကျွန်ုပ်ရောက်ရှိပြီဖြစ်ကြောင်း ဘုရားသခင်ထာဝရဘုရားအား ယနေ့အကျွန်ုပ်ကြားလျှောက်ပါ၏’ဟု ဆိုရမည်။
4
ယဇ်ပုရောဟိတ်သည်လည်း သင့်လက်ထဲမှတောင်းကိုယူ၍ သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၌ ချထားရမည်။
5
ထိုအခါ သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်၏ဘိုးဘေးသည် လှည့်လည်သွားလာနေသူ အာရံလူမျိုးဖြစ်ပါ၏။ သူသည် အီဂျစ်ပြည်သို့ လူအနည်းငယ်နှင့် ဆင်းသွား၍ ထိုပြည်၌တည်းခိုနေထိုင်ပါ၏။ သို့သော် ထိုပြည်၌ပင် အင်အားကြီး၍များပြားသောလူမျိုးကြီးဖြစ်လာပါ၏။
6
အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်၍ ကြမ်းတမ်းသောအလုပ်ကို လုပ်စေပါ၏။
7
သို့ဖြစ်၍ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်သောအခါ ထာဝရဘုရားသည် အကျွန်ုပ်တို့၏အသံကို နားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရသော ဆင်းရဲခြင်း၊ ပင်ပန်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြည့်ရှုတော်မူ၏။
8
ထိုအခါ ထာဝရဘုရားသည် အားကြီးသောလက်နှင့် လက်ရုံးတော်ကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက်၊ နိမိတ်လက္ခဏာများပြလျက်၊ အံ့ဩဖွယ်အမှုများပြုလျက် အကျွန်ုပ်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူ၏။
9
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ဤအရပ်သို့ပို့ဆောင်တော်မူ၏။ အကျွန်ုပ်တို့အား နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးတော်မူ၏။
10
အို ထာဝရဘုရား၊ အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောမြေအသီးအနှံ၏အသီးဦးကို ယခု အကျွန်ုပ်ယူဆောင်လာပါ၏’ဟု လျှောက်ဆိုပြီးလျှင် ထိုအသီးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ချထား၍ သင်၏ဘုရားသခင်ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရမည်။
11
သင်နှင့်သင်၏အိမ်သူအိမ်သားတို့အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသည့် ကောင်းမြတ်သောအရာရှိသမျှတို့အတွက် သင်မှစ၍ လေဝိအမျိုး၊ သင့်တွင်ရှိသောတိုင်းတစ်ပါးသားတို့အတူတကွ ဝမ်းမြောက်ရမည်။
12
သင်သည် ဆယ်ဖို့တစ်ဖို့နှစ်ဖြစ်သော တတိယနှစ်၌ သင့်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကိုဖယ်ထားပြီး လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေး၍ သင်၏မြို့များ၌ သူတို့သည် ဝလင်စွာစားရကြမည်။
13
သင်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ‘အကျွန်ုပ်သည် သန့်ရှင်းသောအရာကို အိမ်မှထုတ်၍ အကျွန်ုပ်အား ကိုယ်တော်မိန့်မှာတော်မူခဲ့သည့် ကိုယ်တော်၏ပညတ်တော်ရှိသမျှအတိုင်း ထိုအရာကို လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေးပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်များကို မချိုးဖောက်ပါ၊ မမေ့လျော့ပါ။
14
အကျွန်ုပ်သည် သေသူအတွက်ဝမ်းနည်းကြေကွဲစဉ် ထိုအရာကို မစားပါ။ မစင်မကြယ်ဖြစ်နေစဉ် ထိုအရာကို မထိပါ။ သေသောသူအတွက် ထိုအရာကို မပူဇော်ပါ။ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ပါပြီ။ အကျွန်ုပ်အား ကိုယ်တော်မိန့်မှာတော်မူသမျှအတိုင်း အကျွန်ုပ်ပြုပါပြီ။
15
ကိုယ်တော်၏သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်ဖြစ်သော ကောင်းကင်ဘုံမှ ငုံ့ကြည့်တော်မူပါ။ ကိုယ်တော်၏လူမျိုးတော်အစ္စရေးကိုလည်းကောင်း၊ အကျွန်ုပ်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း အကျွန်ုပ်တို့အား ပေးတော်မူသည့် နို့နှင့်ပျားရည်စီးသောပြည်ကိုလည်းကောင်း ကောင်းချီးပေးတော်မူပါ’ဟု လျှောက်ဆိုရမည်။
16
ဤပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကိုလိုက်နာရန် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်အား ယနေ့မိန့်မှာတော်မူပြီဖြစ်၍ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ လိုက်နာစောင့်ထိန်းရမည်။
17
ထာဝရဘုရားသည် သင်၏ဘုရားသခင်ဖြစ်တော်မူ၏၊ ကိုယ်တော်၏လမ်းတော်များ၌လျှောက်လှမ်း၍ ကိုယ်တော်၏ပြဋ္ဌာန်းချက်များ၊ ပညတ်တော်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းပါမည်၊ ကိုယ်တော်၏စကားတော်များကို နားထောင်ပါမည်ဟု ယနေ့ သင်ဝန်ခံလေပြီ။
18
ထာဝရဘုရားသည်လည်း သင့်အားကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် ပညတ်တော်ရှိသမျှကိုစောင့်ထိန်းသည့် မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးဖြစ်ရမည်ဟု ယနေ့ ဝန်ခံတော်မူပြီ။
19
မိမိဖန်ဆင်းထားတော်မူသည့် လူမျိုးအပေါင်းတို့ထက် ချီးမွမ်းခြင်း၊ ကျော်စောခြင်း၊ အသရေရှိခြင်းတို့ဖြင့် သင့်ကိုချီးမြှင့်တော်မူမည်။ ကတိထားတော်မူခဲ့သည့်အတိုင်း သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းသောလူမျိုးဖြစ်သည်ဟု ယနေ့ဝန်ခံတော်မူပြီ”ဟု ပြောကြားလေ၏။
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34