bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 7
Deuteronomy 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 8 →
1
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်သို့ သင်တို့ကို ပို့ဆောင်သောအခါ လူမျိုးခြားများဖြစ်သောဟိတ္တိလူမျိုး၊ ဂိရဂါရှိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုး စသည့် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးခုနစ်မျိုးကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူမည်။
2
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင်တို့လက်သို့ အပ်တော်မူသောအခါ သူတို့ကို တိုက်ခိုက်၍ အကုန်အစင်ဖျက်ဆီးပစ်ရမည်။ သူတို့နှင့် ပဋိညာဉ်မဖွဲ့ရ။ သူတို့ကို မသနားရ။
3
ထိုလူမျိုးတို့နှင့် ထိမ်းမြားခြင်းမပြုရ။ သင်တို့၏သမီးကို သူတို့၏သားနှင့် မပေးစားရ။ သူတို့၏သမီးကိုလည်း သင်တို့၏သားနှင့် မပေးစားရ။
4
အကြောင်းမူကား သူတို့သည် သင်တို့၏သားကို ငါ့ထံမှ လမ်းလွဲစေ၍ အခြားဘုရားများကို ဝတ်ပြုစေကြလိမ့်မည်။ ထိုအခါ ထာဝရဘုရားသည် အမျက်ထွက်၍ သင်တို့ကို အလျင်အမြန်ဖျက်ဆီးတော်မူလိမ့်မည်။
5
ထို့ကြောင့် သူတို့ကို ဤသို့ပြုရမည်။ သူတို့၏ယဇ်ပလ္လင်များကို ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို ခုတ်လှဲ၍ ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။
6
အကြောင်းမူကား သင်သည် သင်၏ဘုရားသခင်ထာဝရဘုရားအတွက် သန့်ရှင်းသောလူမျိုးဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို မြေကြီးပေါ်၌ရှိသော လူမျိုးအပေါင်းတို့ထဲမှ မိမိမြတ်နိုးတန်ဖိုးထားသောလူမျိုးအဖြစ် ရွေးချယ်တော်မူ၏။
7
သင်တို့သည် လူမျိုးအပေါင်းတို့ထက် များပြားသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုနှစ်သက်၍ ရွေးချယ်တော်မူသည်မဟုတ်။ သင်တို့သည် လူမျိုးအပေါင်းတို့တွင် အနည်းဆုံးဖြစ်၏။
8
သို့ရာတွင် ထာဝရဘုရားသည် သင်တို့ကို ချစ်တော်မူသောကြောင့်လည်းကောင်း၊ သင်တို့၏ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ကတိတော်ကို တည်စေသောကြောင့်လည်းကောင်း ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ထုတ်ဆောင်တော်မူ၏။ ကျွန်ခံရာအိမ်အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်မှ ရွေးနုတ်တော်မူ၏။
9
သို့ဖြစ်၍ သင်၏ဘုရားသခင်ထာဝရဘုရားသာလျှင် ဘုရားဖြစ်တော်မူပြီး ကိုယ်တော်ကိုချစ်သောသူတို့နှင့် ပညတ်တော်တို့ကိုစောင့်ထိန်းသောသူတို့အပေါ် မျိုးဆက်တစ်ထောင်တိုင်အောင် ပဋိညာဉ်တည်၍ မေတ္တာကရုဏာကို ပြတော်မူသည့် သစ္စာရှိသောဘုရားဖြစ်တော်မူကြောင်း၊
10
ကိုယ်တော်ကို မုန်းတီးသောသူတို့ကိုကား ပျက်စီးစေခြင်းဖြင့် ဒဏ်ခတ်သောဘုရားဖြစ်တော်မူကြောင်း သိမှတ်ကြလော့။ ကိုယ်တော်သည် မိမိကိုမုန်းတီးသောသူတို့အား အလျင်အမြန် ဒဏ်ခတ်တော်မူမည်။
11
ထို့ကြောင့် ယနေ့ သင့်အား ငါမိန့်မှာသော ပညတ်ချက်၊ ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းရမည်။
12
သင်သည် ဤစီရင်ထုံးဖွဲ့ချက်တို့ကို ကြားနာ၍ လိုက်နာစောင့်ထိန်းလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည့်ပဋိညာဉ်နှင့် မေတ္တာကရုဏာကို သင့်အပေါ်တွင် တည်စေတော်မူမည်။
13
ကိုယ်တော်သည် သင့်ကိုချစ်မည်။ ကောင်းချီးပေးမည်။ တိုးပွားစေမည်။ ထိုပြည်ကို သင့်အားပေးမည်ဟု သင့်ဘိုးဘေးတို့အားကျိန်ဆိုတော်မူခဲ့သည်နှင့်အညီ ထိုပြည်၌ သင့်သားသမီးမှစ၍ မြေထွက်ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားပေါက်၊ သိုးဆိတ်သားပေါက်တို့ကို ကောင်းချီးပေးတော်မူမည်။
14
သင်သည် လူမျိုးအပေါင်းတို့ထက် ကောင်းချီးခံစားရ၍ သင်၌ မြုံသောယောက်ျား၊ မြုံသောမိန်းမဟူ၍ ရှိမည်မဟုတ်။ သင်၏တိရစ္ဆာန်များထဲ၌လည်း ရှိမည်မဟုတ်။
15
ထာဝရဘုရားသည် အနာရောဂါရှိသမျှတို့ကို သင့်ထံမှ ဖယ်ရှားပေးတော်မူမည်။ သင်သိခဲ့သည့် အီဂျစ်ပြည်၏ဆိုးရွားသောရောဂါဝေဒနာရှိသမျှတို့ကို သင့်အပေါ်သို့ ကျရောက်စေတော်မမူဘဲ သင့်ကိုမုန်းသောသူအပေါင်းတို့အပေါ်သို့ ကျရောက်စေတော်မူမည်။
16
သင့်လက်သို့ သင်၏ဘုရားသခင်ထာဝရဘုရားအပ်တော်မူသည့် လူမျိုးအပေါင်းတို့ကိုဖျက်ဆီးရမည်။ ထိုသူတို့ကို မသနားရ။ သူတို့၏ဘုရားများကို ဝတ်မပြုရ။ ဝတ်ပြုလျှင် သင့်အတွက် ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်။
17
သင့်စိတ်ထဲ၌ ‘ဤလူမျိုးတို့သည် ငါ့ထက်များသည်ဖြစ်၍ သူတို့ကို မည်သို့နှင်ထုတ်နိုင်မည်နည်း’ဟု တွေးမိလျှင်
18
သူတို့ကို မကြောက်နှင့်။ ဖာရောမင်းကြီးနှင့် အီဂျစ်လူမျိုးအပေါင်းတို့၌ သင်၏ဘုရားသခင်ထာဝရဘုရားပြုတော်မူခဲ့သည့်အမှုကိုအောက်မေ့လော့။
19
သင်ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ပြင်းထန်သောစုံစမ်းမှုများကိုလည်းကောင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဩဖွယ်အမှုများကိုလည်းကောင်း၊ အားကြီးသောလက်နှင့် လက်ရုံးတော်ကို ဆန့်လျက် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားထုတ်ဆောင်တော်မူခဲ့သည်ကိုလည်းကောင်း အထူးအောက်မေ့ရမည်။ သင်ကြောက်ရွံ့ရသည့်လူမျိုးအပေါင်းတို့ကိုလည်း သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုနည်းတူပြုတော်မူမည်။
20
ထို့ပြင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောသူများ၊ ပုန်းရှောင်နေသောသူများမပျက်စီးမချင်း ပျားတူများကို သူတို့ထဲတွင်စေလွှတ်တော်မူမည်။
21
သူတို့ကို မထိတ်လန့်ကြနှင့်။ အကြောင်းမူကား ကြီးမြတ်၍ အံ့ဩဖွယ်ကောင်းသော သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။
22
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှောက်မှ နည်းနည်းချင်းနှင်ထုတ်တော်မူမည်။ တောရိုင်းတိရစ္ဆာန် များပြားလာမည်ကိုစိုးရိမ်ရသဖြင့် သူတို့ကို အလျင်အမြန် မဖျက်ဆီးနှင့်။
23
သင်၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို သင့်လက်သို့ အပ်တော်မူမည်။ သူတို့ဖျက်ဆီးခြင်းမခံရမချင်း သူတို့ကို ကြီးမားသော ထိတ်လန့်ချောက်ချားဖွယ်ရာများနှင့် ကြုံတွေ့စေတော်မူမည်။
24
သူတို့၏ရှင်ဘုရင်များကိုလည်း သင့်လက်သို့ အပ်တော်မူသဖြင့် သင်သည် သူတို့၏အမည်များကို မိုးကောင်းကင်အောက်မှ ဖျောက်ဖျက်ပစ်လိမ့်မည်။ သူတို့ကို မဖျက်ဆီးမီအထိ သင့်ရှေ့၌ မည်သူမျှခံရပ်နိုင်မည်မဟုတ်။
25
သင်တို့သည် သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို မီးရှို့ပစ်ရမည်။ ရုပ်တုဆင်းတုရှိ ရွှေ၊ ငွေတို့ကို မတပ်မက်ရ၊ မယူရ။ ထိုအရာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူသည်ဖြစ်၍ ယူမိလျှင် သင်သည် ထိုအရာအားဖြင့် ကျော့မိလိမ့်မည်။
26
စက်ဆုပ်ရွံရှာဖွယ်သောအရာကို သင့်အိမ်ထဲသို့ မယူလာရ။ ထိုအရာသည် ကျိန်ခြင်းခံရသောအရာဖြစ်၍ ယူလာလျှင် သင်သည် ထိုအရာကဲ့သို့ ကျိန်ခြင်းခံရလိမ့်မည်။ ထိုအရာကို လုံးလုံးရွံမုန်းရမည်။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34