bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 19
Deuteronomy 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 20 →
1
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးသောပြည်ရှိ လူမျိုးတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏မြို့များ၊ သူတို့၏အိမ်များ၌ နေထိုင်ကြသောအခါ
2
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးတော်မူသောပြည်ထဲ၌ မြို့သုံးမြို့ကို သီးခြားခွဲထားရမည်။
3
လူသတ်မိသောသူမည်သူမဆို ထိုမြို့များသို့ထွက်ပြေးနိုင်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်ကို နယ်မြေသုံးပိုင်းပိုင်း၍ လမ်းကိုလည်း ဖောက်လုပ်ရမည်။
4
မိမိအိမ်နီးချင်းကို အမုန်းမရှိဘဲ မတော်တဆလူသတ်မိသောလူသတ်သမားသည် ထိုအရပ်သို့ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရမည်။
5
ဥပမာအားဖြင့် အိမ်နီးချင်းနှင့်အတူ တောထဲသို့ သစ်ခုတ်သွားသောသူသည် အပင်ခုတ်လှဲရန် ပုဆိန်ကိုလွှဲလိုက်သောအခါ ပုဆိန်သည် အရိုးမှကျွတ်ထွက်၍ အိမ်နီးချင်းကို ထိမှန်ကာ အိမ်နီးချင်းသေသွားလျှင် လူသတ်မိသောသူသည် ထိုမြို့များထဲမှ တစ်မြို့မြို့သို့ ထွက်ပြေးခြင်းဖြင့် အသက်ချမ်းသာရာရလိမ့်မည်။
6
သို့မဟုတ်လျှင် လမ်းခရီးဝေးသဖြင့် သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်မိသောသူနောက်သို့ ဒေါသတကြီးလိုက်၍မီသောအခါ သူ့ကို အသေသတ်မိလိမ့်မည်။ အကယ်စင်စစ် ထိုလူသတ်မိသောသူသည် မိမိအိမ်နီးချင်းအပေါ် အမုန်းမရှိသောကြောင့် အသေမခံသင့်။
7
ထို့ကြောင့် ‘သင်သည် မြို့သုံးမြို့ကို သီးခြားခွဲထားရမည်’ဟု သင့်အား ငါမိန့်မှာခဲ့ခြင်းဖြစ်၏။
8
သင်၏ဘုရားသခင်ထာဝရဘုရားက သင့်ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သင်၏နယ်မြေကို ကျယ်ပြန့်စေ၍ သင့်ဘိုးဘေးတို့အား ပေးမည်ဟု ကတိထားတော်မူခဲ့သည့် ပြည်တစ်ပြည်လုံးကို သင့်အား ပေးတော်မူလျှင်၊
9
သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ ကိုယ်တော်၏လမ်းတော်၌ အစဉ်အမြဲလျှောက်လှမ်းရမည်ဟု ယနေ့ သင့်အားငါမှာကြားသော ဤပညတ်တော်ရှိသမျှကို သင်လိုက်နာစောင့်ထိန်းမည်ဆိုလျှင် ထိုမြို့သုံးမြို့အပြင် နောက်ထပ်မြို့သုံးမြို့ကို သင်ထပ်ပေါင်းရလိမ့်မည်။
10
သို့ပြုလျှင် အမွေအဖြစ် သင့်အား သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်ထဲ၌ အပြစ်မဲ့သောသူသည် အသက်ဆုံးရှုံးရမည်မဟုတ်။ အပြစ်မဲ့သောသူအား သတ်သောအပြစ်သည်လည်း သင့်အပေါ် ကျရောက်မည်မဟုတ်။
11
တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို မုန်းသောကြောင့် သူ့ကိုချောင်းမြောင်းတိုက်ခိုက်၍ အသေသတ်ပြီး ထိုမြို့တစ်မြို့မြို့သို့ ထွက်ပြေးသွားသော်
12
သူနေထိုင်သောမြို့မှ သက်ကြီးဝါကြီးတို့က လူလွှတ်၍ သူ့ကိုခေါ်ဆောင်လာစေပြီး သွေးကြွေးအတွက်လက်စားချေပေးသောသူ၏လက်သို့ အပ်ရမည်။ သူသည် အသတ်ခံရမည်။
13
သူ့ကို မသနားရ။ အပြစ်မဲ့သောသူအားသတ်သောအပြစ် ကို အစ္စရေးလူမျိုးထဲမှ ဖယ်ရှားပစ်ရမည်။ သို့မှသာ သင်ကောင်းစားမည်။
14
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အပိုင်ပေးတော်မူသောပြည်ရှိ သင်အမွေဆက်ခံရာအမွေမြေ၌ ရှေးလူကြီးတို့သတ်မှတ်ထားသောအိမ်နီးချင်း၏နယ်နိမိတ်မှတ်တိုင်ကို မရွှေ့ရ။
15
တစ်စုံတစ်ယောက် ပြုမိသောဒုစရိုက်၊ ကျူးလွန်မိသောအပြစ် တစ်ခုခုအတွက် သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သူ၏စကား အတည်မဖြစ်ရ။ မည်သည့်ပြစ်မှုမဆို သက်သေနှစ်ဦးသုံးဦး၏ထွက်ဆိုသောစကားအားဖြင့်သာ အတည်ဖြစ်ရမည်။
16
မနာလိုစိတ်ရှိသောလူတစ်ဦးသည် တစ်ဖက်လူကို အမှားပြုသည်ဟု သက်သေထွက်ဆိုလျှင်
17
အမှုအခင်းဖြစ်သော ထိုသူနှစ်ဦးသည် ထာဝရဘုရားရှေ့၊ ယဇ်ပုရောဟိတ်နှင့် ထိုအချိန်တွင် တရားသူကြီးဖြစ်သောသူတို့ရှေ့တွင် ရပ်ရမည်။
18
တရားသူကြီးတို့သည် အသေအချာမေးမြန်းပြီး ထိုသက်သေထွက်ဆိုသူသည် မိမိ၏ညီအစ်ကိုကို ဆန့်ကျင်၍ မဟုတ်မမှန်သက်သေထွက်ဆိုကြောင်း မှန်လျှင်
19
သူသည် သူ၏ညီအစ်ကိုအား မကောင်းကြံစည်ခဲ့သည့်အတိုင်း သူ့အား ပြန်ပြုရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှ ဖယ်ရှားပစ်ရမည်။
20
ကျန်သောသူတို့သည်လည်း ကြား၍ကြောက်ရွံ့ကြသဖြင့် ထိုမကောင်းမှုမျိုးကို နောက်တစ်ဖန် ထပ်၍ကျူးလွန်တော့မည်မဟုတ်။
21
သင်သည် သူ့ကို မသနားရ။ အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ သူ့ကို ပြန်ခံစေရမည်။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34