bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 9
Deuteronomy 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 10 →
1
အို အစ္စရေးလူမျိုး၊ နားထောင်လော့။ ယနေ့ သင်သည် သင့်ထက်ကြီးမြတ်သောလူမျိုး၊ အင်အားကြီးသောလူမျိုးတို့ကိုသွား၍နှင်ထုတ်ရန် ဂျော်ဒန်မြစ်ကိုကူးသွားရတော့မည်။ မြို့များသည် ကြီးမား၍ မြို့ရိုးတို့သည် မိုးထိမြင့်၏။
2
‘အာနကလူမျိုး၏သားမြေးတို့ရှေ့၌ မည်သူခံရပ်နိုင်မည်နည်း’ဟု သင်ကြားသိထားသော၊ ကိုယ်ခန္ဓာကြီးမား၍အရပ်မြင့်သော အာနကလူမျိုးတို့၏သားမြေးများလည်းရှိ၏။
3
သင်၏ဘုရားသခင်ထာဝရဘုရားသည် လောင်ကျွမ်းသောမီးကဲ့သို့ သင်၏ရှေ့မှကူးသွားမည်ဖြစ်ကြောင်း ယနေ့ သင်သိမြင်ရမည်။ ကိုယ်တော်သည် ထိုသူတို့ကို သုတ်သင်ပယ်ရှင်းပြီး သင့်ရှေ့မှောက်၌ ရှုံးနိမ့်စေတော်မူမည်ဖြစ်၍ သင့်အား ထာဝရဘုရား မိန့်တော်မူခဲ့သည့်အတိုင်း သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန်ဖျက်ဆီးနိုင်လိမ့်မည်။
4
သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတို့ကို သင့်ရှေ့မှောက်မှနှင်ထုတ်တော်မူသောအခါ သင့်စိတ်ထဲ၌ ‘ထာဝရဘုရားသည် ငါ၏ဖြောင့်မတ်ခြင်းကြောင့် ဤပြည်ကိုပိုင်ဆိုင်ရန် ငါ့ကိုပို့ဆောင်တော်မူ၏’ဟု မအောက်မေ့ရ။ ထာဝရဘုရားသည် ထိုလူမျိုးတို့ကို သူတို့၏ဆိုးယုတ်မှုကြောင့် သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
5
သင်၏ဖြောင့်မတ်ခြင်းနှင့် သင်၏စိတ်သဘောဖြောင့်မှန်ခြင်းတို့ကြောင့် သင်သည် သူတို့၏ပြည်ကို ဝင်ရောက်ပိုင်ဆိုင်ရခြင်း မဟုတ်။ သင်၏ဘုရားသခင်ထာဝရဘုရားသည် ဤလူမျိုးတို့၏ဆိုးယုတ်မှုကြောင့်လည်းကောင်း၊ သင့်ဘိုးဘေး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့အား ထာဝရဘုရားကျိန်ဆိုတော်မူခဲ့သည့်စကားတော်ကို တည်စေရန်အတွက်လည်းကောင်း သူတို့ကို သင့်ရှေ့မှောက်မှ နှင်ထုတ်တော်မူခြင်းဖြစ်၏။
6
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၏ဖြောင့်မတ်ခြင်းကြောင့် ဤသာယာဝပြောသောပြည်ကို သင့်အား အပိုင်ပေးသည်မဟုတ်ကြောင်း သင်သိမှတ်ရမည်။ အကယ်စင်စစ် သင်သည် ခေါင်းမာ သောလူမျိုးဖြစ်၏။
7
သင်သည် တောကန္တာရ၌ သင်၏ဘုရားသခင်ထာဝရဘုရားကို မည်သို့အမျက်ထွက်စေခဲ့သည်ကို အောက်မေ့လော့။ မမေ့လျော့နှင့်။ သင်တို့သည် အီဂျစ်ပြည်မှထွက်လာသောနေ့မှစ၍ ဤအရပ်သို့ရောက်သည့်တိုင်အောင် ထာဝရဘုရားကို ပုန်ကန်ခဲ့ကြ၏။
8
ဟောရပ်တောင်၌လည်း သင်တို့သည် ထာဝရဘုရားကို အမျက်ထွက်စေသဖြင့် ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် အမျက်ထွက်တော်မူခဲ့၏။
9
သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။
10
ဘုရားသခင်၏လက်ချောင်းတော်ဖြင့် အက္ခရာတင်ထားသောကျောက်ပြားနှစ်ချပ်ကို ထာဝရဘုရားသည် ငါ့အား ပေးအပ်တော်မူ၏။ စုဝေးရာနေ့၌ သင်တို့အား တောင်ပေါ်တွင် မီးထဲမှ ထာဝရဘုရားမိန့်တော်မူခဲ့သည့်စကားအလုံးစုံတို့ကို ထိုကျောက်ပြားပေါ်၌ အက္ခရာတင်ထား၏။
11
အရက်လေးဆယ်ပြည့်သောအခါ ထာဝရဘုရားသည် ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကို ငါ့အား ပေးအပ်တော်မူပြီး
12
ထာဝရဘုရားက ‘ထ၍ ဤနေရာမှ အလျင်အမြန်ဆင်းသွားလော့။ အီဂျစ်ပြည်မှ သင်ထုတ်ဆောင်လာသောလူတို့သည် ဖောက်ပြန်ကြပြီ။ သူတို့အား ငါမိန့်မှာထားသောလမ်းမှ မြန်မြန်ဆန်ဆန်လွဲသွားကြပြီ။ မိမိတို့အတွက် ရုပ်တုကိုသွန်းလုပ်ကြပြီ’ဟု မိန့်တော်မူ၏။
13
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ဤလူမျိုးသည် ခေါင်းမာ သောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။
14
သို့ဖြစ်၍ ငါ့ကိုမတားနှင့်။ ငါသည် သူတို့ကို ဖျက်ဆီး၍ သူတို့၏အမည်ကို ကောင်းကင်အောက်မှ ပယ်ဖျက်မည်။ သင့်ကိုကား သူတို့ထက် အင်အားကြီး၍ များပြားသောလူမျိုးဖြစ်စေမည်’ဟု မိန့်တော်မူ၏။
15
ငါသည်လည်း လက်နှစ်ဖက်၌ ပဋိညာဉ်ကျောက်ပြားနှစ်ချပ်ကိုင်လျက် မီးတောက်လောင်နေသောတောင်ပေါ်မှ လှည့်၍ဆင်းလာခဲ့၏။
16
ထိုအချိန်၌ သင်တို့သည် ထာဝရဘုရားမိန့်မှာထားသည့်လမ်းမှ မြန်မြန်ဆန်ဆန်လွဲသွားကြ၍ မိမိတို့အတွက် နွားသငယ်ရုပ်တုကိုသွန်းလုပ်ခြင်းဖြင့် သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ပြစ်မှားကြသည်ကို ငါမြင်၏။
17
ထိုအခါ ငါသည် ငါ့လက်နှစ်ဖက်နှင့်ကိုင်ထားသောကျောက်ပြားနှစ်ချပ်ကို ပစ်ချ၍ သင်တို့မျက်စိရှေ့တွင်ပင် ချိုးဖဲ့လေ၏။
18
ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။
19
ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးချင်လောက်အောင် သင်တို့ကို အမျက်ထွက်တော်မူသောကြောင့် ထိုပြင်းစွာသောအမျက်တော်ကို ငါကြောက်ရွံ့၏။ ထိုအချိန်၌လည်း ထာဝရဘုရားသည် ငါ၏စကားကိုနားညောင်းတော်မူ၏။
20
ထာဝရဘုရားသည် အာရုန်ကိုလည်း ဖျက်ဆီးချင်လောက်အောင် သူ့ကိုအလွန်အမျက်ထွက်တော်မူသဖြင့် ထိုအချိန်၌ အာရုန်အတွက် ငါဆုတောင်းရ၏။
21
သင်တို့ကို အပြစ်ဖြစ်စေသည့် သင်တို့သွန်းလုပ်သောနွားသငယ်ရုပ်တုကို ငါယူ၍ မီးရှို့ပစ်ပြီး မြေမှုန့်ကဲ့သို့ ညက်ညက်ကြေသည်အထိ ကြိတ်ချေပြီးလျှင် ထိုအမှုန့်ကို တောင်ထဲမှစီးထွက်လာသည့်ချောင်းထဲသို့ ပစ်ချလိုက်၏။
22
သင်တို့သည် တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါအရပ် တို့၌လည်း ထာဝရဘုရားကို အမျက်တော်ထွက်စေခဲ့ကြ၏။
23
ထာဝရဘုရားသည် သင်တို့ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်၍ ‘သင်တို့အား ငါပေးသောပြည်ကို သွား၍သိမ်းပိုက်လော့’ဟု မိန့်တော်မူသောအခါ၌လည်း သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်ကြ၏။ သင်တို့သည် ကိုယ်တော်ကိုမယုံ၊ ကိုယ်တော်၏စကားတော်ကိုလည်းနားမထောင်ကြ။
24
သင်တို့ကို ငါသိသည့်နေ့မှစ၍ သင်တို့သည် ထာဝရဘုရားကိုပုန်ကန်လျက်ရှိကြပြီ။
25
ထာဝရဘုရားသည် သင်တို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့် ငါသည် ထာဝရဘုရားရှေ့တော်၌ အရက်လေးဆယ်ပတ်လုံး ပျပ်ဝပ်လျက်နေ၏။
26
ငါသည် ထာဝရဘုရားအား ‘အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်၏တန်ခိုးတော်ဖြင့် ရွေးနုတ်တော်မူသော၊ အားကြီးသောလက်တော်ဖြင့် အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ကို ဖျက်ဆီးတော်မမူပါနှင့်။
27
ကိုယ်တော်၏အစေအပါး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့ကိုအောက်မေ့တော်မူပါ။ ဤလူမျိုး၏ခေါင်းမာခြင်း၊ ဆိုးယုတ်ခြင်း၊ အပြစ်ပြုခြင်း တို့ကို မှတ်တော်မမူပါနှင့်။
28
သို့မဟုတ်လျှင် အကျွန်ုပ်တို့ကို ကိုယ်တော်ထုတ်ဆောင်လာခဲ့သည့်ပြည်မှ လူတို့က “ထာဝရဘုရားသည် သူတို့အား ကတိထားသည့်ပြည်သို့ ပို့ဆောင်ရန်မတတ်နိုင်သောကြောင့်၊ သူတို့ကိုမုန်းတီးသောကြောင့် တောကန္တာရထဲ၌ သူတို့ကိုကွပ်မျက်ရန် ထုတ်ဆောင်တော်မူခဲ့၏”ဟု ဆိုကြပါလိမ့်မည်။
29
အကယ်စင်စစ် ဤသူတို့သည် ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်၊ ကိုယ်တော်၏ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည့် ကိုယ်တော်၏လူမျိုးတော်၊ ကိုယ်တော်၏အမွေတော်ဖြစ်ကြပါ၏’ဟု ဆုတောင်းလေ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34