bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 24
Deuteronomy 24
Burmese MSBU
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 25 →
1
တစ်စုံတစ်ယောက်သည် မိန်းမတစ်ယောက်နှင့်စုံဖက်ပြီးနောက် ထိုမိန်းမ၌ညစ်ညူးသောအရာကိုတွေ့သဖြင့် သူ့ကိုမနှစ်မြို့လျှင် ကွာရှင်းစာရေးပြီး သူ့လက်ထဲအပ်၍ အိမ်မှထွက်သွားစေရမည်။
2
ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍
3
နောက်ယောက်ျားသည်လည်း ထိုမိန်းမကိုမုန်းသဖြင့် ကွာရှင်းစာရေးပြီး သူ့လက်ထဲ၌အပ်၍ အိမ်မှထွက်သွားစေသည်ဖြစ်စေ၊ ထိုမိန်းမနှင့်စုံဖက်သောနောက်ယောက်ျားသေဆုံးသွားသည်ဖြစ်စေ
4
ထိုမိန်းမကိုကွာရှင်းခဲ့သောပထမလင်ယောက်ျားသည် ညစ်ညူးပြီဖြစ်သောထိုမိန်းမနှင့် ပြန်၍စုံဖက်ခွင့်မရှိ။ အကြောင်းမူကား ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။ သင်၏ဘုရားသခင်ထာဝရဘုရား သင့်အား အမွေအဖြစ်ပေးတော်မူသောပြည်အပေါ် အပြစ်မသက်ရောက်စေနှင့်။
5
အိမ်ထောင်ပြုခါစ ယောက်ျားတစ်ယောက်သည် စစ်တိုက်မသွားရ။ သူ့အား မည်သည့်တာဝန်မျှမပေးရ။ သူသည် တစ်နှစ်ပတ်လုံး မိမိအိမ်၌ လွတ်လပ်စွာနေ၍ မိမိယူထားသောမယားကို ပျော်ရွှင်အောင်ထားရမည်။
6
ကြိတ်ဆုံတစ်စုံလုံးကိုဖြစ်စေ၊ အပေါ်ကျောက်ပြားကိုဖြစ်စေ အပေါင်လက်မခံရ။ လက်ခံလျှင် အသက်ကို အပေါင်လက်ခံသည်နှင့်တူ၏။
7
တစ်စုံတစ်ယောက်သည် မိမိအမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့ထဲမှ တစ်ယောက်ယောက်ကို ခိုးယူပြီး ထိုသူကို ကျွန်ပြုသည်ဖြစ်စေ၊ ရောင်းစားသည်ဖြစ်စေ ထိုသူခိုးကိုတွေ့လျှင် အသေသတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။
8
အနာကြီးရောဂါလက္ခဏာနှင့်ပတ်သက်၍ သတိပြုလော့။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့က သင်တို့အားညွှန်ကြားသောအရာရှိသမျှကို အထူးလိုက်နာစောင့်ထိန်းရမည်။ လေဝိအမျိုးယဇ်ပုရောဟိတ်တို့အား ငါမိန့်မှာထားသည့်အတိုင်း သင်တို့ လိုက်နာစောင့်ထိန်းရမည်။
9
သင်တို့သည် အီဂျစ်ပြည်မှ ထွက်လာ၍ ခရီးပြုကြစဉ်က သင်၏ဘုရားသခင်ထာဝရဘုရားသည် မိရိအံအား မည်သို့စီရင်တော်မူခဲ့သည်ကို အောက်မေ့လော့။
10
သင်သည် သင့်အိမ်နီးချင်းအား တစ်စုံတစ်ရာကိုချေးပေးသောအခါ သူ၏အိမ်ထဲသို့ဝင်ပြီး အပေါင်ခံပစ္စည်းကို မယူရ။
11
အပြင်ဘက်၌ ရပ်နေရမည်။ သင်ချေးပေးသောသူသည် အပေါင်ခံပစ္စည်းကို သင့်ထံသို့ ယူဆောင်လာရမည်။
12
ထိုသူသည် ဆင်းရဲသောသူဖြစ်လျှင် သူ၏အပေါင်ခံပစ္စည်းကို ညအထိယူမထားရ။
13
သူသည် မိမိအဝတ်ကိုဝတ်အိပ်၍ သင့်ကို ကောင်းချီးတောင်းခံပေးမည့်အကြောင်း သူ၏အပေါင်ခံပစ္စည်းကို နေဝင်သောအခါ ဆက်ဆက်ပြန်ပေးရမည်။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မတ်သောအမှုဖြစ်၏။
14
သင့်ပြည်၊ သင့်မြို့၌ရှိသော တိုင်းတစ်ပါးသားထဲမှဖြစ်စေ၊ သင်၏အမျိုးသားချင်းထဲမှဖြစ်စေ ဆင်းရဲနွမ်းပါးသော သူရင်းငှားကို အနိုင်အထက်မပြုရ။
15
သူသည် ဆင်းရဲသဖြင့် မိမိလုပ်အားခကိုမှီ၍ အသက်ဆက်ရသောကြောင့် သူ၏လုပ်အားခကို နေမဝင်မီ နေ့ချင်းပေးရမည်။ မပေးဘဲနေလျှင် သူသည် ထာဝရဘုရားထံဟစ်အော်သဖြင့် သင့်အပေါ်အပြစ်သက်ရောက်လိမ့်မည်။
16
ဖခင်သည် သားသမီးအပြစ်ကြောင့် သေဒဏ်မခံရ။ သားသမီးသည်လည်း ဖခင်အပြစ်ကြောင့် သေဒဏ်မခံရ။ လူတိုင်း မိမိအပြစ်ကြောင့် သေဒဏ်ခံရမည်။
17
တိုင်းတစ်ပါးသားနှင့် ဖတဆိုးတို့ ရထိုက်သော တရားမျှတမှုကို မပိတ်ပင်ရ။ မုဆိုးမ၏အဝတ်ကို အပေါင်လက်မခံရ။
18
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့၍ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ထိုပြည်မှ ရွေးနုတ်တော်မူခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့် ဤပညတ်တော်ကို လိုက်နာရန် သင့်အား ငါမှာကြားခြင်းဖြစ်၏။
19
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ပြုလေရာရာ၌ သင့်ကို ကောင်းချီးပေးတော်မူမည့်အကြောင်း သင်သည် မိမိလယ်ယာ၌ သီးနှံရိတ်သိမ်းသောအခါ လယ်ယာထဲ၌ မေ့ကျန်ခဲ့သောကောက်လှိုင်းကို ပြန်မယူရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
20
သင်သည် သံလွင်သီးကို ခါချသောအခါ ကြွင်းကျန်သောအသီးကို နောက်တစ်ခါ မခါချရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
21
သင်၏စပျစ်ခြံမှ စပျစ်သီးကိုဆွတ်ခူးပြီးနောက် ကောက်သင်းမကောက်ရ။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့အတွက် ချန်ထားရမည်။
22
သင်သည် အီဂျစ်ပြည်၌ ကျွန်ဖြစ်ခဲ့ကြောင်းကို အောက်မေ့လော့။ ထို့အတွက်ကြောင့် ဤပညတ်ကို လိုက်နာရန် သင့်အား ငါမှာကြားခြင်းဖြစ်၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34