bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Deuteronomy 12
Deuteronomy 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 13 →
1
သင်တို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသည့်ပြည်၌ သင်တို့လိုက်နာစောင့်ထိန်းရမည့် ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကား ဤသို့ဖြစ်၏။
2
သင်တို့နှင်ထုတ်မည့်လူမျိုးတို့သည် မြင့်မားသောတောင်များပေါ်၌လည်းကောင်း၊ တောင်ကုန်းများပေါ်၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်ရှိသမျှအောက်၌လည်းကောင်း မိမိတို့၏ဘုရားများကို ဝတ်ပြုတတ်ကြ၏။ ထိုအရပ်ရှိသမျှတို့ကို သင်တို့ လုံးလုံးဖျက်ဆီးပစ်ရမည်။
3
သူတို့၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်၍ ကျောက်တိုင်များကို ဖြိုလှဲပစ်ရမည်။ အာရှရနတ်ဘုရားမတံခွန်တိုင်များကို မီးရှို့ပစ်ရမည်။ သူတို့၏ဘုရားများဖြစ်သည့် ရုပ်တုဆင်းတုများကို ခုတ်လှဲ၍ ထိုဘုရားများ၏နာမကို ထိုအရပ်မှ ဖျောက်ဖျက်ပစ်ရမည်။
4
သူတို့ပြုသကဲ့သို့ သင်တို့၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
5
နာမတော်တည်ရာ၊ ကိန်းဝပ်တော်မူရာအဖြစ် သင်တို့မျိုးနွယ်အားလုံးထဲမှ သင်တို့၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာကိုရှာ၍ ထိုနေရာသို့သာသွားရမည်။
6
သင်တို့သည် မိမိတို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ နွားသားဦး၊ သိုးသားဦး တို့ကို ထိုအရပ်သို့ ယူဆောင်လာ၍
7
ထိုအရပ်တွင် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စားရမည်။ သင်တို့လုပ်ဆောင်လေရာရာ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသောကြောင့် သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားတို့သည် ဝမ်းမြောက်ကြရမည်။
8
လူတိုင်း မိမိမှန်သည်ဟု ထင်သောအရာရှိသမျှကိုပြုတတ်ကြ၏။ ယနေ့ ဤနေရာ၌ ငါတို့ပြုသမျှအတိုင်း သင်တို့မပြုရ။
9
ငြိမ်ဝပ်ရာအရပ်ဖြစ်သော သင်တို့အားဘုရားသခင်ထာဝရဘုရားပေးတော်မူသောအမွေတော်ထဲသို့ ယခုထိ သင်တို့မရောက်ရသေး။
10
ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်ပေးတော်မူသောပြည်၌ သင်တို့နေထိုင်ရမည်။ ကိုယ်တော်သည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသဖြင့် သင်တို့လုံခြုံစွာနေရလိမ့်မည်။
11
ထိုအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိန်းဝပ်ရာနေရာကိုရွေးချယ်တော်မူမည်။ သင်တို့အား ငါမှာကြားထားသမျှအတိုင်း သင်တို့၏မီးရှို့ရာယဇ်၊ ပူဇော်သက္ကာ၊ ဆယ်ဖို့တစ်ဖို့၊ အလှူပစ္စည်း၊ ထာဝရဘုရားထံ သင်တို့ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာအကောင်းဆုံးပူဇော်သက္ကာရှိသမျှတို့ကို ထိုနေရာသို့ သင်တို့ယူဆောင်လာရမည်။
12
သင်တို့မှစ၍ သင်တို့၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများနှင့်အတူ သင်တို့၏မြို့တံခါးအတွင်းရှိ အမွေဝေစုမရသောလေဝိအမျိုးတို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
13
တွေ့လေရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်မိစေရန် သင့်ကိုယ်သင်သတိပြုလော့။
14
မျိုးနွယ်တစ်နွယ်ထဲရှိ ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။ ထိုနေရာ၌ ငါမှာကြားထားသမျှကို သင်ပြုရမည်။
15
သင်၏ဘုရားသခင်ထာဝရဘုရား သင့်အားကောင်းချီးမင်္ဂလာပေးသည်နှင့်အညီ စားလိုသောတိရစ္ဆာန်ကိုသတ်၍ မြို့တိုင်း၌ စားခွင့်ရှိ၏။ ထိုအသားကို စင်ကြယ်သောသူရော မစင်ကြယ်သောသူပါ သမင်၊ ဒရယ်အသားကိုစားခွင့်ရှိသကဲ့သို့ စားနိုင်၏။
16
သို့သော် သွေးကိုမစားရ။ ရေကဲ့သို့ မြေပေါ်မှာ သွန်ပစ်ရမည်။
17
သင်၏ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ၊ နွားသားဦး၊ သိုးသားဦး၊ ကတိသစ္စာပြုထားသည့် ကတိသစ္စာဆိုင်ရာပူဇော်သက္ကာရှိသမျှ၊ စေတနာအလျောက်ပူဇော်သောပူဇော်သက္ကာ၊ အလှူပစ္စည်း စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သင်သည် မိမိမြို့၌ စားခွင့်မရှိ။
18
သင်မှစ၍ သင်၏သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင်၏မြို့တံခါးအတွင်းရှိ လေဝိအမျိုးများသည် ထိုပူဇော်သက္ကာတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၊ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာ၌သာ စားရမည်။ သင်လုပ်ဆောင်လေရာရာအတွက် သင်၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
19
သင်၏ပြည်၌ အသက်ရှင်သမျှကာလပတ်လုံး လေဝိအမျိုးတို့ကို စွန့်ပယ်မထားမိစေရန် သတိပြုလော့။
20
သင်၏ဘုရားသခင်ထာဝရဘုရားကတိထားတော်မူသည့်အတိုင်း သင်၏နယ်မြေကို ကျယ်ဝန်းစေတော်မူသောအခါ သင်သည် အသားစားလိုသောစိတ်ရှိ၍ ‘ငါအသားစားမည်’ဟု ဆိုလျှင် သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း စားခွင့်ရှိ၏။
21
နာမတော်တည်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသည် သင်နှင့်ဝေးလွန်းလျှင် သင့်ကိုငါမှာကြားထားသည့်အတိုင်း သင့်အား ထာဝရဘုရားပေးတော်မူသော သင်၏နွား၊ သိုးတို့ကို သတ်၍ သင်၏စိတ်ဆန္ဒရှိသမျှအတိုင်း သင်၏မြို့၌ စားခွင့်ရှိ၏။
22
သမင်၊ ဒရယ်အသားကို စားသကဲ့သို့ စားခွင့်ရှိ၏။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ အတူတကွစားခွင့်ရှိ၏။
23
သွေးသည် အသက်ဖြစ်သောကြောင့် သွေးကိုလုံးဝမစားရ။ အသားနှင့်တကွ အသက်ကိုမစားရ။
24
သွေးကိုမစားရ။ ရေကဲ့သို့ မြေပေါ်မှာ သွန်ပစ်ရမည်။
25
သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ကောင်းစားကြမည့်အကြောင်း သွေးကိုမစားရ။ ထိုသို့ပြုခြင်းသည် ထာဝရဘုရား၏ရှေ့တော်၌ ဖြောင့်မှန်သောအမှုကိုပြုခြင်းဖြစ်၏။
26
သင်ပူဇော်ရမည့် သန့်ရှင်းသောပူဇော်သက္ကာ၊ ကတိသစ္စာဆိုင်ရာပူဇော်သက္ကာ တို့ကိုယူ၍ ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
27
မီးရှို့ရာယဇ်ကောင်၏အသားနှင့်သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ယဇ်ကောင်၏သွေးကို သင်၏ဘုရားသခင်ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွန်း၍ အသားကိုစားရမည်။
28
သင်မှစ၍ နောင်လာမည့် သင်၏သားမြေးတို့ အစဉ်ကောင်းစားမည့်အကြောင်း သင့်အား ငါမှာကြားထားသော ဤစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းလော့။ ထိုသို့ပြုခြင်းသည် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ကောင်းသောအမှု၊ ဖြောင့်မှန်သောအမှုတို့ကိုပြုခြင်းဖြစ်၏။
29
သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်ရှိလူမျိုးတို့ကို သင့်ရှေ့မှဖယ်ရှားတော်မူမည်။ သင်သည် ထိုလူမျိုးတို့ကိုနှင်ထုတ်၍ သူတို့၏ပြည်၌နေထိုင်သောအခါ
30
သင်သည် သူတို့နောက်လိုက်ပါခြင်းဖြင့် မကျော့မိစေရန် သတိပြုလော့။ သင်၏ရှေ့မှ ထိုလူမျိုးတို့ဖျက်ဆီးခံရပြီးနောက် သင်က ‘ထိုလူမျိုးတို့သည် သူတို့၏ဘုရားများကို မည်သို့ဝတ်ပြုကြသနည်း။ ငါလည်း ထိုနည်းတူပြုမည်’ဟု ဆိုလျက် သူတို့၏ဘုရားများအကြောင်းကို မမေးမြန်းနှင့်။
31
ထိုလူမျိုးသည် ထာဝရဘုရားမုန်းတော်မူသည့် စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို မိမိတို့ဘုရားများအတွက် ပြုကြ၏။ စင်စစ် သူတို့သည် မိမိတို့၏သားသမီးများကိုပင် သူတို့၏ဘုရားများအတွက် မီးရှို့ကြ၏။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
32
သင်တို့အား ငါမှာကြားထားသည့် နှုတ်ကပတ်တော်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။ မဖြည့်စွက်ရ။ မနုတ်ပယ်ရ။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34