bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 10
Leviticus 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 11 →
1
အာရုန်၏သားနာဒပ်နှင့်အဘိဟုတို့သည် မိမိတို့၏မီးကျီးခံဗန်းကို ကိုယ်စီယူ၍ မီးထည့်ကာ ထိုမီးပေါ်၌ နံ့သာပေါင်းကိုတင်ပြီးလျှင် သူတို့အား မိန့်မှာထားတော်မူသောမီးမဟုတ်သည့် အခြားသောမီးကို ထာဝရဘုရားရှေ့တော်၌ ပူဇော်ကြ၏။
2
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
3
ထိုအခါ မောရှေက အာရုန်အား “ထာဝရဘုရားက ‘ငါ့ထံသို့ချဉ်းကပ်သောသူတို့အား ငါသန့်ရှင်းကြောင်း ငါထင်ရှားပြမည်။ လူအပေါင်းတို့ရှေ့၌ ငါသည် ဘုန်းအသရေရှိမည်’ဟူ၍ မိန့်ဆိုခဲ့သည်မှာ ဤအမှုကိုဆိုလို၏”ဟု ဆိုသော် အာရုန်သည် တိတ်ဆိတ်နေလေ၏။
4
မောရှေသည် အာရုန်၏ဘထွေးဖြစ်သော ဩဇေလ၏သား မိရှေလနှင့်ဧလဇာဖန်တို့ကို ခေါ်၍ သူတို့အား “လာကြ။ သင်တို့ညီအစ်ကိုတို့၏အလောင်းကို သန့်ရှင်းရာဌာနတော်၏ရှေ့မှ တပ်စခန်းအပြင်ဘက်သို့ သယ်ဆောင်သွားကြလော့”ဟု ဆို၏။
5
ထို့ကြောင့် သူတို့သည် လာ၍ မောရှေပြောသည့်အတိုင်း အလောင်းတို့ကို သင်တိုင်းနှင့်တကွ တပ်စခန်းအပြင်ဘက်သို့ သယ်ဆောင်သွားကြ၏။
6
ထို့နောက် မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာ၊ ဣသမာတို့အား “သင်တို့ မသေကြရမည့်အကြောင်း၊ ကိုယ်တော်သည် လူထုအပေါင်းတို့ကိုအမျက်ထွက်တော်မမူမည့်အကြောင်း သင်တို့၏ဆံပင်ကို ဖားလျားမချနှင့်၊ သင်တို့၏အဝတ်ကို မဆုတ်နှင့်။ သင်တို့၏အမျိုးသားချင်းများဖြစ်သော အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှို့တော်မူသောမီးအတွက် ငိုကြွေးရကြမည်။
7
သင်တို့အပေါ် ထာဝရဘုရား၏ဘိသိက်ဆီ သွန်းလောင်းထားသည်ဖြစ်၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝမှ သင်တို့ မထွက်သွားရ။ ထွက်သွားလျှင် သင်တို့ သေကြရလိမ့်မည်”ဟု ဆို၏။ သို့ဖြစ်၍ မောရှေ၏စကားအတိုင်း သူတို့ပြုကြ၏။
8
တစ်ဖန် ထာဝရဘုရားက အာရုန်အား
9
“သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား သင်တို့သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ မသေကြရမည့်အကြောင်း သင်နှင့်သင်၏သားတို့သည် စပျစ်ဝိုင်၊ သေရည်သေရက်တို့ကိုမသောက်ရ။
10
သို့ဖြစ်လျှင် သန့်ရှင်းသောအရာနှင့်မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာနှင့်မစင်ကြယ်သောအရာကို ခွဲခြားနိုင်မည်။
11
မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်ဆိုတော်မူခဲ့သည့်ပြဋ္ဌာန်းချက်ရှိသမျှတို့ကို အစ္စရေးအမျိုးသားတို့အား သွန်သင်နိုင်မည်”ဟု မိန့်တော်မူ၏။
12
ထို့နောက် မောရှေက အာရုန်နှင့် အသက်ရှင်ကျန်ရစ်ခဲ့သောသားဧလာဇာ၊ ဣသမာတို့အား “ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာထဲမှ ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကိုယူလော့။ ဤပူဇော်သက္ကာသည် အထူးသန့်ရှင်းသည်ဖြစ်၍ တဆေးမပါဘဲ ယဇ်ပလ္လင်ဘေး၌စားရမည်။
13
ဤကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောပူဇော်သက္ကာထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားတို့ရရှိရမည့်ဝေစုဖြစ်၍ ဤပူဇော်သက္ကာကို သန့်ရှင်းသောနေရာ၌ စားရမည်။ ငါ့အား ဤသို့ မိန့်မှာတော်မူပြီ။
14
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့ကို သင်နှင့် သင့်သားသမီးတို့သည် သန့်ရှင်းသောနေရာ၌ စားကြရမည်။ အကြောင်းမူကား ၎င်းတို့ကို အစ္စရေးအမျိုးသား၏မိတ်သဟာယယဇ်ထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားသမီးတို့ရရှိရမည့်ဝေစုအဖြစ် ပေးထားတော်မူပြီ။
15
ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ်ချီလွှဲရန် အလှူပစ္စည်းဖြစ်သောပေါင်၊ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံတို့ကို မီးဖြင့်ပူဇော်မည့်အဆီများနှင့်အတူ ယူဆောင်လာရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဤအမှုသည် သင်နှင့် သင့်သားသမီးတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု ဆို၏။
16
ထို့နောက် မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်အကြောင်း စုံစမ်းမေးမြန်းသောအခါ ၎င်းကိုမီးရှို့ပြီးနှင့်ပြီကို သိမြင်လေ၏။ ထို့ကြောင့် သူသည် အာရုန်၏အသက်ရှင်ကျန်ရစ်ခဲ့သောသား ဧလာဇာ၊ ဣသမာတို့အား အမျက်ထွက်၍
17
“အပြစ်ဖြေရာယဇ်၏အသားသည် အထူးသန့်ရှင်း၏။ လူထုတို့၏ဒုစရိုက်ကိုယူဆောင်သွားရန်နှင့် ထာဝရဘုရားရှေ့တော်၌ သူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ထိုအသားကို သင်တို့အားပေးထားတော်မူပြီ။ သို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် သန့်ရှင်းရာဌာနတော်၌ မစားကြသနည်း။
18
ယဇ်ကောင်၏သွေးကိုလည်း သန့်ရှင်းရာဌာနတော်အတွင်းသို့ မယူဆောင်ခဲ့ကြပါတကား။ အကယ်စင်စစ် သင်တို့သည် ငါမှာကြားထားသည့်အတိုင်း ယဇ်ကောင်၏အသားကို သန့်ရှင်းရာဌာနတော်၌ စားရမည်”ဟု ဆိုလေ၏။
19
ထိုအခါ အာရုန်က မောရှေအား “ကြည့်ပါလော့။ ယနေ့ လူတို့သည် မိမိတို့၏အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားရှေ့တော်၌ ပူဇော်ကြပါ၏။ သို့သော် အကျွန်ုပ်၌ ဤကဲ့သို့သောအရာများဖြစ်ပျက်ခဲ့သည်ဖြစ်၍ ယနေ့ အပြစ်ဖြေရာယဇ်၏အသားကိုအကျွန်ုပ်စားလျှင် ထာဝရဘုရားသည် နှစ်သက်သဘောကျပါမည်လော”ဟု ဆို၏။
20
မောရှေသည် ထိုစကားကိုကြားသောအခါ နှစ်သက်သဘောကျလေ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27