bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 5
Leviticus 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 6 →
1
တစ်စုံတစ်ယောက်သည် ကျိန်ဆိုသံကိုကြားသော်လည်း မိမိမြင်သောအရာ၊ သိသောအရာကို သက်သေအဖြစ် ထုတ်ဖော်ပြောဆိုခြင်းမပြုလျှင် အပြစ်ပြုရာရောက်၍ သူသည် အပြစ်ဒဏ်ခံရမည်။
2
တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။
3
သူသည် လူ၏အညစ်အကြေးဖြစ်သည့် လူကိုမစင်ကြယ်စေသော အညစ်အကြေးတစ်စုံတစ်ရာအား ထိမိသည်ကို သတိမမူမိဘဲနေ၍ နောက်မှထိမိသည်ကို သိလာလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်မည်။
4
တစ်စုံတစ်ယောက်သည် ဆိုးညစ်သောအမှုကိုပြုမည်၊ ကောင်းသောအမှုကိုပြုမည်ဟူ၍ နှုတ်ဖြင့်မဆင်မခြင်ကျိန်ဆိုပြီး ထိုမဆင်မခြင်ကျိန်ဆိုသောအရာကို သူသည် သတိမမူမိဘဲနေ၍ နောက်မှ ထိုအရာကို သိလာလျှင်လည်း ထိုကျိန်ဆိုသောအရာတစ်စုံတစ်ခုကြောင့် သူ့အပေါ် အပြစ်သက်ရောက်မည်။
5
ထိုသူအပေါ် ထိုသို့သောအပြစ်တစ်စုံတစ်ရာသက်ရောက်လျှင် သူကျူးလွန်မိသောအပြစ်ကို ဖော်ပြဝန်ခံရမည်။
6
သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ပူဇော်ရန် သိုးဆိတ်တို့ထဲမှ သိုးသငယ်အမကိုဖြစ်စေ၊ ဆိတ်သငယ်အမကိုဖြစ်စေ အပြစ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံသို့ယူဆောင်လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
7
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
8
၎င်းတို့ကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာပြီး အပြစ်ဖြေရာယဇ်အတွက်ဖြစ်သောအကောင်ကို ဦးစွာပူဇော်ရမည်။ ၎င်း၏ခေါင်းကို လည်ပင်းမှချိုးရမည်။ သို့သော် မပြတ်စေရ။
9
အပြစ်ဖြေရာယဇ်ကောင်၏သွေးအချို့ကို ယဇ်ပလ္လင်၏နံရံ၌ ဖျန်း၍ ကျန်သောသွေးကို ယဇ်ပလ္လင်၏အောက်ခြေ၌ ညှစ်ချရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
10
ကျန်တစ်ကောင်ကို စီရင်ထုံးဖွဲ့ချက်အတိုင်း မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။ ထိုသို့ ထိုသူကျူးလွန်သောအပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
11
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
12
၎င်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာပြီး ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာအဖြစ် ၎င်းထဲမှ လက်တစ်ဆုပ်စာယူ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကောင်ပေါ်တင်၍ ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၏။
13
ထိုသို့သောအပြစ်တစ်စုံတစ်ရာကို ကျူးလွန်မိခဲ့သောသူ၏အပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ ကျန်ရှိသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့ပင် ယဇ်ပုရောဟိတ်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
14
တစ်ဖန် ထာဝရဘုရားက မောရှေအား
15
“တစ်စုံတစ်ယောက်သည် ထာဝရဘုရား၏သန့်ရှင်းသောအရာတစ်စုံတစ်ခုအပေါ် မရည်ရွယ်ဘဲပြစ်မှားခြင်းဖြင့် မှားယွင်းမှုကိုပြုမိလျှင် သူသည် အပြစ်ဒဏ်ဖြေရာယဇ်အတွက် သင်တန်ဖိုးဖြတ်သောငွေရှယ်ကယ်အတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ထာဝရဘုရားထံယူဆောင်လာရမည်။
16
သူပြစ်မှားမိခဲ့သည့် သန့်ရှင်းသောအရာတစ်စုံတစ်ခုအတွက် အလျော်ပေးရမည့်အပြင် အလျော်ပေးရသည့်တန်ဖိုး၏ငါးပုံတစ်ပုံကိုလည်း ထပ်ပေါင်း၍ ယဇ်ပုရောဟိတ်အားပေးရမည်။ ယဇ်ပုရောဟိတ်သည် သိုးထီးကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးခြင်းဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
17
တစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို လုပ်မိ၍ အပြစ်ပြုမိမှန်းကို မသိလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်၍ သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
18
သူသည် သင်တန်ဖိုးဖြတ်သည့်အတိုင်း သိုးအုပ်ထဲမှအပြစ်အနာအဆာကင်းသောသိုးထီးတစ်ကောင်ကို အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။ ထိုသူ မရည်ရွယ်ဘဲမှားခဲ့သည့်အမှားကို သူမသိသော်လည်း ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
19
ဤသည်ကား တစ်စုံတစ်ယောက်သည် ထာဝရဘုရားကိုပြစ်မှားမိသည့်အတွက် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27