bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 14
Leviticus 14
Burmese MSBU
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 15 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“အနာကြီးရောဂါစွဲခဲ့သောသူအား သန့်စင်စေခြင်းနေ့နှင့်ဆိုင်သောပညတ်တရားကား ဤသို့ဖြစ်၏။ သူ့ကို ယဇ်ပုရောဟိတ်ထံ ခေါ်လာရမည်။
3
ယဇ်ပုရောဟိတ်သည် တပ်စခန်း၏အပြင်ဘက်သို့ထွက်လာ၍ သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ အနာကြီးရောဂါစွဲခဲ့သောသူ၌ အနာကြီးရောဂါ၏အနာသည် ပျောက်ကင်းလျှင်
4
ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံမည့်သူအတွက် စင်ကြယ်သောငှက်အရှင်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်နှင့် ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်ဟု မိန့်မှာရမည်။
5
ငှက်တစ်ကောင်ကို မြေအိုးထဲရှိ စမ်းရေ ပေါ်၌သတ်ရန် ယဇ်ပုရောဟိတ်မိန့်မှာရမည်။
6
ယဇ်ပုရောဟိတ်သည် ကျန်ငှက်အရှင်ကိုယူ၍ သစ်ကတိုးသား၊ အနီရောင်ချည်၊ ဟုဿုပ်ညွန့်တို့နှင့်အတူ ထိုငှက်အရှင်ကို စမ်းရေပေါ်တွင်သတ်ခဲ့သောငှက်သွေးထဲသို့ နှစ်၍
7
အနာကြီးရောဂါမှစင်ကြယ်စေခြင်းခံသောသူအား ခုနစ်ကြိမ်ဖျန်းရမည်။ ထို့နောက်မှ သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ငှက်အရှင်ကိုကား ကွင်းပြင်သို့ လွှတ်လိုက်ရမည်။
8
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
9
ခုနစ်ရက်မြောက်သောနေ့၌ သူသည် မိမိအမွေးရှိသမျှကိုရိတ်ရမည်။ မိမိ၏ဆံပင်၊ မုတ်ဆိတ်မွေးနှင့် မျက်ခုံးမွေးတို့မှစ၍ အမွေးရှိသမျှတို့ကို ရိတ်ရမည်။ မိမိအဝတ်ကိုလျှော်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
10
ရှစ်ရက်မြောက်သောနေ့၌ အပြစ်အနာအဆာကင်းသောသိုးသငယ်အထီးနှစ်ကောင်၊ အပြစ်အနာအဆာကင်းသောတစ်နှစ်သားအရွယ်သိုးသငယ်အမတစ်ကောင်၊ ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံသုံးပုံ နှင့် ဆီတစ်လောဃ ကို ယူဆောင်လာရမည်။
11
စင်ကြယ်သည်ဟုကြေညာပေးမည့်ယဇ်ပုရောဟိတ်သည် ထိုအရာတို့ကို စင်ကြယ်စေခြင်းခံသောသူနှင့်အတူ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
12
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
13
ထိုသိုးသငယ်အထီးကို အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ရာယဇ်ကောင်တို့ကိုသတ်သောနေရာဖြစ်သည့် သန့်ရှင်းသောနေရာ၌ သတ်ရမည်။ အကြောင်းမူကား အပြစ်ဖြေရာယဇ်ကဲ့သို့ပင် အပြစ်ဒဏ်ဖြေရာယဇ်ကို ယဇ်ပုရောဟိတ်ပိုင်၍ အထူးသန့်ရှင်းသောအရာဖြစ်၏။
14
ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။
15
ယဇ်ပုရောဟိတ်သည် ဆီတစ်လောဃထဲမှ အချို့ကိုယူ၍ မိမိ၏ဘယ်ဘက်လက်ဖဝါးထဲသို့ လောင်းထည့်ရမည်။
16
မိမိ၏ယာဘက်လက်ချောင်းကို ဘယ်ဘက်လက်ဖဝါးထဲရှိဆီထဲသို့နှစ်၍ ထာဝရဘုရားရှေ့တော်၌ ထိုဆီကို မိမိလက်ချောင်းဖြင့် ခုနစ်ကြိမ်ဖျန်းရမည်။
17
မိမိ၏လက်ဖဝါးထဲမှ ကျန်သောဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မ၊ ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။
18
မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူ၏ခေါင်းပေါ်၌ လိမ်းပေးရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ သူ့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
19
တစ်ဖန် ယဇ်ပုရောဟိတ်သည် မစင်ကြယ်ခြင်းမှစင်ကြယ်စေခြင်းခံသောသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရန် အပြစ်ဖြေရာယဇ်ကိုပူဇော်ရမည်။ ထို့နောက်မှ မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။
20
ယဇ်ပုရောဟိတ်သည် မီးရှို့ရာယဇ်နှင့်ဘောဇဉ်ပူဇော်သက္ကာတို့ကို ယဇ်ပလ္လင်ပေါ်၌ ပူဇော်ရမည်။ ဤသို့ ယဇ်ပုရောဟိတ်သည် ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် စင်ကြယ်လိမ့်မည်။
21
သူသည် ဆင်းရဲသောသူဖြစ်၍ မတတ်နိုင်လျှင် မိမိအဖို့ အပြစ်ဖြေလွှတ်ခြင်းအတွက် ချီလွှဲရမည့်အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် သိုးသငယ်အထီးတစ်ကောင်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သက္ကာအဖြစ် ဆီနှင့်ရောသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံ ကိုလည်းကောင်း၊ ဆီတစ်လောဃကိုလည်းကောင်း၊
22
ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကိုလည်းကောင်း မိမိတတ်နိုင်သည့်အတိုင်း ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်၍ ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
23
ရှစ်ရက်မြောက်သောနေ့၌ သူသည် ၎င်းတို့ကို မိမိ၏သန့်စင်ခြင်းအတွက် ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
24
ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးသငယ်နှင့် ဆီတစ်လောဃကို ယူရမည်။ ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
25
ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးသငယ်ကိုသတ်ပြီးလျှင် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။
26
ယဇ်ပုရောဟိတ်သည် ဆီအချို့ကို မိမိ၏ဘယ်ဘက်လက်ဖဝါးထဲသို့ လောင်းထည့်ရမည်။
27
ယဇ်ပုရောဟိတ်သည် ဘယ်ဘက်လက်ဖဝါးထဲရှိဆီအချို့ကို မိမိ၏ယာဘက်လက်ချောင်းဖြင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။
28
ယဇ်ပုရောဟိတ်သည် မိမိလက်ဖဝါးထဲရှိဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။
29
ယဇ်ပုရောဟိတ်သည် မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သူ့ခေါင်းပေါ်၌ လိမ်းပေးရမည်။
30
ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံသောသူတတ်နိုင်သည့်ထဲမှ ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင် တစ်မျိုးမျိုးကို ပူဇော်ရမည်။
31
ထိုသူတတ်နိုင်သည့်ထဲမှ တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ဘောဇဉ်ပူဇော်သက္ကာနှင့်အတူ ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံသောသူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
32
ဤသည်ကား အနာကြီးရောဂါအနာစွဲ၍ မိမိ၏သန့်စင်ခြင်းအတွက် မတတ်နိုင်သောသူနှင့်ဆိုင်သည့်ပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
33
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
34
“သင်တို့အား ပိုင်ဆိုင်ရာအဖြစ် ငါပေးသောခါနာန်ပြည်ထဲသို့ သင်တို့ဝင်ရောက်၍ သင်တို့ပိုင်ဆိုင်ရာပြည်ရှိအိမ်၌ မှိုစွဲနာ ကို ငါဖြစ်ပွားစေသောအခါ
35
အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့လာ၍ ‘အကျွန်ုပ်၏အိမ်၌ အနာစွဲသကဲ့သို့ဖြစ်နေသည်ကို တွေ့မြင်ရပါသည်’ဟု ပြောပြရမည်။
36
ယဇ်ပုရောဟိတ်သည် အိမ်ထဲရှိပစ္စည်းအားလုံးမစင်ကြယ်ဟု မကြေညာမိစေရန် သူသည် အနာကိုကြည့်ရှုစစ်ဆေးရန် အိမ်ထဲသို့မဝင်မီ အိမ်ကိုအလွတ်ထားရမည့်အကြောင်း မိန့်မှာရမည်။ ထို့နောက်မှ ယဇ်ပုရောဟိတ်သည် အိမ်ကိုကြည့်ရှုစစ်ဆေးရန် ဝင်ရမည်။
37
သူသည် အနာကိုကြည့်ရှုစစ်ဆေးသောအခါ အိမ်နံရံရှိအနာသည် စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင်ဖြစ်၍ နံရံထဲထိစွဲနေဟန်ရှိလျှင်
38
ယဇ်ပုရောဟိတ်သည် အိမ်ထဲမှ အိမ်တံခါးပေါက်သို့ထွက်လာ၍ အိမ်ကို ခုနစ်ရက်ပိတ်ထားရမည်။
39
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် တစ်ဖန်လာ၍ ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အိမ်နံရံပေါ်၌ ပျံ့သွားလျှင်
40
အနာစွဲနေသောကျောက်တုံးများကို ထုတ်ပစ်၍ မြို့ပြင်ရှိ မစင်ကြယ်သောနေရာသို့ လွှင့်ပစ်ရမည်ဟု ယဇ်ပုရောဟိတ်မိန့်မှာရမည်။
41
အိမ်အတွင်းပတ်ပတ်လည်ကို ခြစ်ထုတ်၍ ထိုခြစ်ထုတ်သောအမှုန့်ကို မြို့ပြင်ရှိ မစင်ကြယ်သောနေရာ၌ သွန်ပစ်ရမည်။
42
ယခင်ကျောက်တုံးများနေရာ၌ အခြားကျောက်တုံးများကိုယူ၍ အစားထိုးရမည်။ ရွှံ့စေးသရွတ်အသစ်ကိုယူ၍ အိမ်ကို သရွတ်ကိုင်ရမည်။
43
ကျောက်တုံးများကိုထုတ်ပစ်ပြီး၊ အိမ်ကိုခြစ်ထုတ်ပြီး၊ သရွတ်ကိုင်ပြီးဖြစ်သော်လည်း အိမ်ထဲ၌ အနာပြန်၍ပြန့်ပွားလျှင်
44
ယဇ်ပုရောဟိတ်သည်လာ၍ ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အိမ်ထဲ၌ပျံ့သွားလျှင် ထိုအနာသည် အိမ်ထဲ၌ဖြစ်သည့် ဆိုးရွားသော မှိုစွဲနာဖြစ်၏။ ထိုအိမ်သည် မစင်ကြယ်။
45
ထိုအိမ်ကို ဖြိုချ၍ အိမ်၏ကျောက်တုံး၊ သစ်သား၊ အိမ်ကိုကိုင်ထားသောသရွတ်ရှိသမျှတို့ကို မြို့ပြင်ရှိ မစင်ကြယ်သောနေရာသို့ ယူသွားရမည်။
46
ထိုအိမ်ကိုပိတ်ထားသောကာလအတွင်း အိမ်ထဲသို့ဝင်သောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
47
ထိုအိမ်ထဲ၌ အိပ်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုအိမ်ထဲ၌စားသောက်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။
48
အိမ်ကိုသရွတ်ကိုင်ပြီးနောက် ယဇ်ပုရောဟိတ်သည် လာ၍ကြည့်ရှုစစ်ဆေးသောအခါ အနာသည် အိမ်ထဲ၌ ပျံ့သွားခြင်းမရှိလျှင် အနာပျောက်ကင်းပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် ထိုအိမ်အား စင်ကြယ်သည်ဟု ကြေညာရမည်။
49
အိမ်ကိုသန့်စင်စေရန်အတွက် ငှက်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်၊ ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်။
50
ငှက်တစ်ကောင်ကို မြေအိုးထဲရှိ စမ်းရေပေါ်၌ သတ်ရမည်။
51
ထို့နောက် သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်၊ ငှက်အရှင်တို့ကိုယူ၍ သတ်ခဲ့သောငှက်၏သွေးနှင့် စမ်းရေရှိရာအိုးထဲသို့ ၎င်းတို့ကို နှစ်၍ ထိုအိမ်ကို ခုနစ်ကြိမ်ဖျန်းရမည်။
52
ထိုအိမ်ကို ငှက်သွေး၊ စမ်းရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်တို့ဖြင့် သန့်စင်စေရမည်။
53
ငှက်အရှင်ကို မြို့ပြင်ရှိ ကွင်းပြင်သို့ လွှတ်လိုက်ရမည်။ ဤသို့ဖြင့် ထိုအိမ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ထိုအိမ်သည် စင်ကြယ်လိမ့်မည်။
54
ဤသည်ကား အနာကြီးရောဂါအမျိုးမျိုးနှင့်ဆိုင်သော ပညတ်တရားဖြစ်၏။ ယားနာ၊
55
အဝတ်နှင့်အိမ်တို့၌ဖြစ်တတ်သော မှိုစွဲနာနှင့်ပတ်သက်၍
56
အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက် တို့နှင့်ပတ်သက်၍
57
မစင်ကြယ်ချိန်၊ စင်ကြယ်ချိန်ကို ညွှန်ကြားပေးသော အနာကြီးရောဂါနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 13
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 15 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27