bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 19
Leviticus 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 20 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့အား ဆင့်ဆိုလော့။ သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည်လည်း သန့်ရှင်းသောသူများဖြစ်ရမည်။
3
လူတိုင်း ကိုယ့်မိဘကို ရိုသေရမည်။ ငါ၏ဥပုသ်နေ့ကို စောင့်ထိန်းရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
4
သင်တို့သည် ရုပ်တုများဘက်သို့ မလှည့်ရ။ ဘုရားအများတို့၏ရုပ်တုကို သင်တို့အဖို့ မသွန်းလုပ်ရ။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
5
သင်တို့သည် ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်သောအခါ ထာဝရဘုရားလက်ခံအောင် ပူဇော်ရမည်။
6
ထိုယဇ်ကို ပူဇော်သောနေ့နှင့်နောက်တစ်နေ့၌စားရမည်။ သုံးရက်မြောက်သောနေ့အထိ ကျန်နေသေးလျှင် မီးရှို့ပစ်ရမည်။
7
သုံးရက်မြောက်သောနေ့၌ အနည်းငယ်မျှစားမိလျှင်ပင် ရွံရှာဖွယ်ရာဖြစ်၍ လက်ခံတော်မူမည်မဟုတ်။
8
စားမိသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောယဇ်ကို ညစ်ညူးစေသည်ဖြစ်၍ ကိုယ့်အပြစ် ကိုယ်ခံရမည်။ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
9
သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။
10
သင်၏စပျစ်ခြံတွင် ကောက်သင်းမကောက်ရ။ သင့်စပျစ်ခြံမှ ကြွေကျသောစပျစ်သီးကိုလည်း မကောက်ရ။ ဆင်းရဲသားနှင့်တိုင်းတစ်ပါးသားတို့အတွက် ချန်ထားရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
11
မခိုးရ။ မလိမ်ညာရ။ သူတစ်ပါးကို မလှည့်စားရ။
12
ငါ့နာမတော်ကိုတိုင်တည်၍ မဟုတ်မမှန်ကျိန်ဆိုခြင်းမပြုရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
13
မိမိအိမ်နီးချင်းကို အနိုင်အထက်မပြုရ။ သူ့ဥစ္စာကို မလုယူရ။ သူရင်းငှား၏လုပ်အားခကို တစ်ညလုံးနံနက်တိုင်အောင် မဆိုင်းထားရ။
14
နားမကြားသောသူကို မကျိန်ဆဲရ။ မျက်စိမမြင်သောသူ၏ရှေ့၌ ခလုတ်တံသင်းကိုမထားရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
15
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
16
သင်၏လူမျိုးတို့တွင် လှည့်လည်၍ သူတစ်ပါးအသရေပျက်အောင် မပြောရ။ သင်၏အိမ်နီးချင်းကို အသက်အန္တရာယ်ဖြစ်အောင် မပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။
17
သင်၏ညီအစ်ကိုကို စိတ်ထဲ၌ အမုန်းမထားရ။ သင့်အိမ်နီးချင်းကြောင့် သင်အပြစ်မသင့်မည့်အကြောင်း သူ့ကို မဆုံးမဘဲမနေနှင့်။
18
သင်၏အမျိုးသားချင်းကို လက်တုံ့မပြန်ရ။ အငြိုးမထားရ။ ကိုယ့်အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
19
သင်သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ အမျိုးမတူသောတိရစ္ဆာန်ကို မိတ်မလိုက်စေရ။ သင်၏လယ်ထဲ၌ အမျိုးမတူသောမျိုးစေ့ကို ရောမကြဲရ။ အမျိုးမတူသောချည်ဖြင့် ရက်ထားသောအဝတ်ကို မဝတ်ရ။
20
ယောက်ျားတစ်ယောက်သည် မိမိကျွန်မအား အခြားယောက်ျားတစ်ယောက်ကိုပေးရန် သဘောတူထားသော်လည်း ထိုကျွန်မသည် ရွေးယူခြင်းမခံရသေး၊ လွတ်လပ်ခွင့်လည်းမရသေးခင် ထိုကျွန်မနှင့်မေထုန်ပြုလျှင် ထိုက်သင့်သောအပြစ်ဒဏ်ကိုခံရမည်။ သို့သော် ထိုကျွန်မသည် လွတ်လပ်သောသူမဟုတ်သေးသောကြောင့် သူတို့သည် သေဒဏ်မခံရ။
21
ထိုယောက်ျားသည် မိမိ၏အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးထီးတစ်ကောင်ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားထံ ယူဆောင်လာရမည်။
22
ယဇ်ပုရောဟိတ်သည် ထိုသူကျူးလွန်ခဲ့သောအပြစ်အတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်သောသိုးထီးဖြင့် ထိုသူအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။ ထိုအခါ သူသည် မိမိကျူးလွန်ခဲ့သည့်အပြစ်မှ အပြစ်လွတ်လိမ့်မည်။
23
သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ မည်သည့်သီးစားပင်ကိုမဆို သင်တို့စိုက်ပျိုး၍ အသီးသီးလျှင် ထိုအသီးကို အရေဖျားလှီးခြင်းမခံထား သောအသီးအဖြစ် သတ်မှတ်ရမည်။ သုံးနှစ်အတွင်း သင်တို့အတွက် အရေဖျားလှီးခြင်းမခံထားသောအသီး ဖြစ်၏။ ထိုအသီးကို မစားရ။
24
လေးနှစ်မြောက်၌ သီးသောအသီးရှိသမျှသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောချီးမွမ်းရာပူဇော်သက္ကာဖြစ်ရမည်။
25
ငါးနှစ်မြောက်၌ သီးသောအသီးကို သင်တို့စားသုံးနိုင်၏။ သို့ပြုလျှင် သင်တို့၏သီးနှံတိုးပွားလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
26
သွေးပါသောအသားကို မစားရ။ ဟူးရားအတတ်၊ ဗေဒင်အတတ်ကို မကျင့်သုံးရ။
27
သင်တို့၏နားသယ်မွေးကို မရိတ်ရ။ သင်တို့၏မုတ်ဆိတ်မွေးအဖျားကို မညှပ်ရ။
28
သေသောသူအတွက် သင်တို့အသားကို မခုတ်မရှရ။ သင်တို့ကိုယ်ပေါ်၌ ဆေးမင်ကြောင် မထိုးရ။ ငါသည် ထာဝရဘုရားဖြစ်၏။
29
သင်၏သမီးကို ပြည့်တန်ဆာလုပ်ခိုင်းခြင်းဖြင့် အသရေပျက်အောင်မလုပ်ရ။ လုပ်ခိုင်းလျှင် ပြည်သည် ပြည့်တန်ဆာပြည်ဖြစ်လာ၍ ညစ်ညမ်းသောအမှုနှင့်ပြည့်နှက်လိမ့်မည်။
30
ငါ၏ဥပုသ်နေ့ကို စောင့်ထိန်း၍ ငါ၏သန့်ရှင်းရာဌာနကို ရိုသေရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
31
သင်တို့သည်နတ်ဝင်သည်များနှင့် နတ်ထိန်းများအားဖြင့် ညစ်ညူးခြင်းသို့မရောက်အောင် သူတို့ထံသို့ မသွားနှင့်။ သူတို့ကို မမေးမြန်းနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
32
ဆံပင်ဖြူသူ ကို အရိုအသေပေး ရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
33
သင်တို့ပြည်တွင် တိုင်းတစ်ပါးသားသည် သင်နှင့်အတူ တည်းခိုနေထိုင်သောအခါ သူ့ကို နိုင်ထက်စီးနင်းမပြုရ။
34
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ သူ့ကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
35
တရားစီရင်ရာတွင်ဖြစ်စေ၊ တိုင်းထွာရာတွင်ဖြစ်စေ၊ ချိန်တွယ်ရာတွင်ဖြစ်စေ၊ ရေတွက်ရာတွင်ဖြစ်စေ မတရားသဖြင့်မပြုလုပ်ရ။
36
မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်ကို သုံးရမည်။ ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
37
ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို စောင့်ထိန်းရမည်။ လိုက်နာရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27