bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 24
Leviticus 24
Burmese MSBU
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“မီးခွက်အစဉ်မပြတ်လင်းနေစေရန် မီးထွန်းစရာအတွက် ထောင်းယူသောသံလွင်ဆီသန့်ကို သင့်ထံသို့ယူဆောင်လာရန် အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။
3
တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း သက်သေခံချက်ရှေ့ရှိ ကန့်လန့်ကာ၏အပြင်ဘက်တွင် အာရုန်သည် ထာဝရဘုရားရှေ့တော်၌ နေဝင်ချိန်မှ နံနက်တိုင်အောင် မီးထွန်းခြင်းအမှုကို အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
4
အာရုန်သည် ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ရွှေစင်ဆီမီးခုံ ပေါ်တွင် အစဉ်မပြတ်စီစဉ်ပြင်ဆင်ရမည်။
5
သင်သည် အကောင်းဆုံးဂျုံမှုန့်ကိုယူ၍ မုန့်ဝိုင်းတစ်ဆယ့်နှစ်ခု ဖုတ်ရမည်။ မုန့်ဝိုင်းတစ်ခုလျှင် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ရှိရမည်။
6
ထိုမုန့်တို့ကို ထာဝရဘုရားရှေ့တော်၊ ရွှေစင်ဖြင့်မွမ်းမံသောစားပွဲ ပေါ်တွင် တစ်ပုံကိုခြောက်ခုစီဆင့်၍ နှစ်ပုံ ပုံထားရမည်။
7
တစ်ပုံစီအပေါ်တွင် သန့်စင်သောလော်ဗန်ကို တင်ထားရမည်။ ၎င်းသည် မုန့်အတွက် ပူဇော်သက္ကာအမှတ်သညာဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာဖြစ်၏။
8
ထိုမုန့်ကို ထာဝရဘုရားရှေ့တော်၌ ဥပုသ်နေ့တိုင်း အစဉ်မပြတ်ပြင်ဆင်ထားရမည်။ ဤသည်ကား အစ္စရေးအမျိုးသားတို့အတွက် ထာဝရပဋိညာဉ်ဖြစ်၏။
9
ထိုမုန့်သည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောပူဇော်သက္ကာများထဲမှ အာရုန်အတွက် အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။ ထို့ကြောင့် သူတို့သည် ထိုမုန့်ကို သန့်ရှင်းသောနေရာ၌စားရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
10
အစ္စရေးအမျိုးသမီးနှင့် အီဂျစ်အမျိုးသားမှ မွေးဖွားသောသားတစ်ယောက်သည် အစ္စရေးအမျိုးသားတို့ထဲမှထွက်သွား၏။ တစ်နေ့၌ ထိုအစ္စရေးအမျိုးသမီး၏သားသည် တပ်စခန်းထဲ၌ အစ္စရေးအမျိုးသားတစ်ယောက်နှင့်ရန်ဖြစ်၏။
11
ထိုအစ္စရေးအမျိုးသမီး၏သားသည် နာမတော်ကိုစော်ကားပြောဆိုလျက် ကျိန်ဆဲသောကြောင့် သူ့ကို မောရှေထံသို့ခေါ်လာကြ၏။ သူ့မိခင်၏အမည်မှာ ရှေလောမိတ်ဖြစ်ပြီး ဒန်အမျိုးအနွယ်မှ ဒိဗရိ၏သမီးဖြစ်၏။
12
သူတို့သည် ထာဝရဘုရား၏အမိန့်တော်ကို သေသေချာချာသိရသည်အထိ သူ့ကို အကျဉ်းချထားလေ၏။
13
ထိုအခါ ထာဝရဘုရားက မောရှေအား
14
“ထိုကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ ထုတ်ဆောင်သွားလော့။ သူ၏ကျိန်ဆဲစကားကို ကြားသောသူတိုင်း သူ၏ခေါင်းပေါ်၌ လက်ကိုတင်ရမည်။ ထို့နောက် လူထုတစ်ရပ်လုံး သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
15
သင်သည် အစ္စရေးအမျိုးသားတို့အား ‘တစ်စုံတစ်ယောက်သည် မိမိ၏ဘုရားသခင်ကိုကျိန်ဆဲလျှင် ထိုသူသည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
16
ထာဝရဘုရား၏နာမတော်ကို စော်ကားပြောဆိုသောသူသည် မုချအသတ်ခံရမည်။ လူထုအပေါင်းတို့သည် ထိုသူကို မုချခဲနှင့်ပေါက်သတ်ရမည်။ တိုင်းတစ်ပါးသားဖြစ်စေ၊ အမျိုးသားချင်းဖြစ်စေ နာမတော်ကို စော်ကားပြောဆိုလျှင် ထိုသူသည် အသတ်ခံရမည်။
17
မည်သူမဆို လူ့အသက်ကို သတ်လျှင် ထိုသူသည် မုချအသတ်ခံရမည်။
18
သူတစ်ပါး၏တိရစ္ဆာန်ကိုသတ်သောသူသည် တစ်ကောင်အတွက်တစ်ကောင် အလျော်ပေးရမည်။
19
တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို အနာတရဖြစ်စေလျှင် ထိုသူသည် မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
20
တစ်စုံတစ်ယောက်ကို အနာတရဖြစ်စေသောသူသည် အရိုးချိုးသည့်အတွက်အရိုးချိုးခြင်း၊ မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
21
သူတစ်ပါး၏တိရစ္ဆာန်ကိုသတ်သောသူသည် အလျော်ပြန်ပေးရမည်။ လူကိုသတ်သောသူမူကား ပြန်၍အသတ်ခံရမည်။
22
တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ သင်တို့၌ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
23
မောရှေသည်လည်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလေ၏။ ထို့နောက် သူတို့သည် ကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ထုတ်သွား၍ ခဲနှင့်ပေါက်သတ်ကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြလေ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27