bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 16
Leviticus 16
Burmese MSBU
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 17 →
1
အာရုန်၏သားနှစ်ယောက်သည် ထာဝရဘုရားရှေ့တော်သို့ချဉ်းကပ်၍ သေသွားကြပြီးနောက် ထာဝရဘုရားက မောရှေအား
2
“ငါသည် ကရုဏာတော်ပလ္လင် အထက်တွင် မိုးတိမ်အားဖြင့်ထင်ရှားမည်ဖြစ်၍ သင်၏အစ်ကိုအာရုန်မသေရမည့်အကြောင်း သေတ္တာပေါ်ရှိ ကရုဏာတော်ပလ္လင် ရှေ့၊ ကန့်လန့်ကာအတွင်းဘက်ရှိ သန့်ရှင်းရာဌာနထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာခြင်းမပြုရန် သူ့အားပြောလော့။
3
အာရုန်သည် သန့်ရှင်းရာဌာနသို့ လာသောအခါ သူသည် အပြစ်ဖြေရာယဇ်အတွက် နွားအုပ်ထဲမှနွားထီးပျိုတစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ယူလာရမည်။
4
သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
5
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်အထီးနှစ်ကောင်၊ မီးရှို့ရာယဇ်အတွက် သိုးထီးတစ်ကောင်ကို အစ္စရေးအမျိုးသားလူထုထံမှ ယူရမည်။
6
အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။
7
ဆိတ်သငယ်နှစ်ကောင်ကိုလည်းယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
8
အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ် အဖို့ဖြစ်၏။
9
အာရုန်သည် ထာဝရဘုရားအဖို့ မဲကျသောဆိတ်သငယ်ကို ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
10
အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေလွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်။
11
အာရုန်သည် မိမိအတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီးကို ပူဇော်ရမည်။ မိမိနှင့်မိမိအိမ်သူအိမ်သားအတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရမည်။ မိမိအတွက် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးကို သတ်ရမည်။
12
ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်ပေါ်မှ မီးခဲများကို မီးကျီးခံဗန်းနှင့်အပြည့်၊ အမွှေးနံ့သာပေါင်းအမှုန့်ကို လက်ခုပ်နှင့်အပြည့်ယူ၍ ကန့်လန့်ကာ၏အတွင်းဘက်သို့ ယူဆောင်လာရမည်။
13
သူမသေရမည့်အကြောင်း သက်သေခံချက်ပေါ်ရှိ ကရုဏာတော်ပလ္လင် ကို နံ့သာပေါင်း၏မီးခိုးငွေ့ဖြင့် ဖုံးလွှမ်းစေရန် နံ့သာပေါင်းကို ထာဝရဘုရားရှေ့တော်ရှိ မီးပေါ်၌ တင်ထားရမည်။
14
သူသည် နွားထီး၏သွေးအချို့ကိုယူ၍ ၎င်းကို မိမိလက်ချောင်းဖြင့် ကရုဏာတော်ပလ္လင် ၏မျက်နှာစာပေါ်၌ ဖျန်းရမည်။ သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ကရုဏာတော်ပလ္လင် ရှေ့၌ ခုနစ်ကြိမ်ဖျန်းရမည်။
15
ထို့နောက် လူတို့အတွက် အပြစ်ဖြေရာယဇ်ဖြစ်သော ဆိတ်သငယ်ကိုသတ်၍ ၎င်း၏သွေးကို ကန့်လန့်ကာအတွင်းဘက်သို့ယူဆောင်လာရမည်။ နွားထီး၏သွေးကိုဖျန်းသကဲ့သို့ ဆိတ်ထီးကလေး၏သွေးကိုလည်း ကရုဏာတော်ပလ္လင် ပေါ်၌လည်းကောင်း၊ ကရုဏာတော်ပလ္လင် ရှေ့၌လည်းကောင်း ဖျန်းရမည်။
16
ဤသို့ဖြင့် သူသည် အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းကြောင့်၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကြောင့် သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ထိုနည်းတူ သူတို့နှင့်အတူ သူတို့၏မစင်ကြယ်ခြင်းအလယ်၌ တည်နေသော တွေ့ဆုံစည်းဝေးရာတဲတော်အတွက်လည်း ပြုရမည်။
17
သူသည် မိမိအတွက်၊ မိမိ၏အိမ်သူအိမ်သားအတွက်၊ အစ္စရေးလူအစုအဝေးအပေါင်းတို့အတွက် သန့်ရှင်းရာဌာန၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် ဝင်သောအချိန်မှစ၍ အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီး ပြန်ထွက်လာသည့်အချိန်ထိ တွေ့ဆုံစည်းဝေးရာတဲတော်ထဲ၌ မည်သူတစ်ဦးတစ်ယောက်မျှမရှိရ။
18
ထို့နောက် ထာဝရဘုရားရှေ့တော်ရှိ ယဇ်ပလ္လင်သို့ ထွက်လာ၍ ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ နွားထီး၏သွေးအချို့နှင့် ဆိတ်သငယ်၏သွေးအချို့ကိုယူ၍ ယဇ်ပလ္လင်ပတ်လည်ရှိချိုများကို သုတ်လိမ်းရမည်။
19
သွေးအချို့ကို မိမိ၏လက်ချောင်းဖြင့် ယဇ်ပလ္လင်ပေါ်၌ ခုနစ်ကြိမ်ဖျန်းပြီး စင်ကြယ်စေရမည်။ ဤသို့ဖြင့် ယဇ်ပလ္လင်ကို အစ္စရေးအမျိုးသားတို့၏မစင်ကြယ်ခြင်းမှ စင်ကြယ်အောင် ပြုရမည်။
20
ထိုသို့ သန့်ရှင်းရာဌာန၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် ယဇ်ပလ္လင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပြီးသောအခါ အသက်ရှင်သောဆိတ်သငယ်ကို ယူလာရမည်။
21
အာရုန်သည် မိမိလက်နှစ်ဖက်ကို အသက်ရှင်သောဆိတ်သငယ်၏ခေါင်းပေါ်၌ တင်၍ အစ္စရေးအမျိုးသားတို့၏ဒုစရိုက်ရှိသမျှ၊ သူတို့ကျူးလွန်သောအပြစ်ရှိသမျှတို့ကို ဖော်ပြဝန်ခံရမည်။ ထိုအပြစ်တို့ကို ဆိတ်သငယ်၏ခေါင်းပေါ်၌တင်ထားပြီး ထိုဆိတ်သငယ်ကို တာဝန်ရှိသူမှတစ်ဆင့် တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
22
ဆိတ်သငယ်သည် သူတို့၏အပြစ်ရှိသမျှကို လူသူကင်းဝေးရာအရပ်သို့ ယူဆောင်သွားမည်။ တာဝန်ရှိသူသည် ဆိတ်သငယ်ကို တောကန္တာရထဲသို့ လွှတ်လိုက်ရမည်။
23
ထို့နောက် အာရုန်သည် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ ဝင်ပြီးလျှင် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်စဉ်က ဝတ်ခဲ့သည့်ပိတ်ချောအဝတ်တန်ဆာကိုချွတ်၍ ထိုနေရာ၌ ထားခဲ့ရမည်။
24
သူသည် သန့်ရှင်းသောနေရာ၌ ရေချိုးပြီးလျှင် မိမိအဝတ်ကိုဝတ်ရမည်။ ထို့နောက် ထွက်လာ၍ မိမိ၏မီးရှို့ရာယဇ်၊ လူတို့၏မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်းဖြင့် မိမိအတွက်၊ လူတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
25
အပြစ်ဖြေရာယဇ်ကောင်၏အဆီကိုလည်း ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။
26
အဇာဇယ်အဖို့ ဆိတ်သငယ်ကို လွှတ်သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
27
သန့်ရှင်းရာဌာနထဲ၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် အသွေးယူဆောင်သွားခြင်းခံရသည့် အပြစ်ဖြေရာယဇ်ဖြစ်သောနွားထီးနှင့် အပြစ်ဖြေရာယဇ်ဖြစ်သောဆိတ်သငယ်ကို တပ်စခန်း၏အပြင်ဘက်သို့ ယူဆောင်သွား၍ ၎င်းတို့၏အရေခွံ၊ အသား၊ မစင်တို့ကို မီးရှို့ပစ်ရမည်။
28
ထိုအရာတို့ကိုရှို့သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
29
သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ကား ဤသို့ဖြစ်၏။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့ထဲတွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ သတ္တမလ၊ ဆယ်ရက်နေ့၌ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ် ရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
30
အကြောင်းမူကား သင်တို့သည် ထာဝရဘုရားရှေ့တော်၌ မိမိတို့၏အပြစ်ရှိသမျှမှ စင်ကြယ်ကြမည့်အကြောင်း ထိုနေ့၌ ယဇ်ပုရောဟိတ်သည် သင်တို့စင်ကြယ်စေရန် သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးမည်။
31
ထိုနေ့သည် သင်တို့အဖို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤသည်ကား အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
32
မိမိဖခင်အရိုက်အရာ၌ ယဇ်ပုရောဟိတ်အဖြစ်အမှုတော်ကိုဆောင်ရွက်ရန် ဘိသိက်ပေး၍ ခန့်အပ်ခြင်းခံရသော ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ သူသည် သန့်ရှင်းသောအဝတ်တန်ဆာဖြစ်သည့် ပိတ်ချောအဝတ်တန်ဆာကို ဝတ်ဆင်၍
33
အသန့်ရှင်းဆုံး သန့်ရှင်းရာဌာနအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။ ယဇ်ပုရောဟိတ်များနှင့်လူအစုအဝေးအပေါင်းတို့အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
34
ဤသည်ကား တစ်နှစ်လျှင်တစ်ကြိမ် အစ္စရေးအမျိုးသားတို့၏အပြစ်ရှိသမျှအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။ အာရုန်သည်လည်း မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုလေ၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27