bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 17
Leviticus 17
Burmese MSBU
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 18 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“အာရုန်နှင့်သူ၏သားတို့မှစ၍ အစ္စရေးအမျိုးသားအပေါင်းတို့ကို ဆင့်ဆိုလော့။ ထာဝရဘုရားမိန့်မှာတော်မူသောအရာကား ဤသို့ဖြစ်၏။
3
အစ္စရေးအမျိုးအနွယ်ထဲမှ တစ်စုံတစ်ယောက်သည် နွား၊ သိုး၊ ဆိတ်တစ်ကောင်ကောင်ကို တပ်စခန်းထဲ၌ဖြစ်စေ၊ တပ်စခန်းအပြင်၌ဖြစ်စေ သတ်ပြီး
4
ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်အရှေ့တွင် ထာဝရဘုရားထံ ပူဇော်ရန် ပူဇော်သက္ကာအဖြစ် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ မယူဆောင်ခဲ့လျှင် ထိုသူ၌ အသက်သတ်သောအပြစ်ရှိသည်ဟု မှတ်ယူရမည်။ ထိုသူသည် အသက်သတ်သည်ဖြစ်၍ သူသည် မိမိလူမျိုးထဲမှ ပယ်ဖျက်ခြင်းခံရမည်။
5
ဤသည်ကား အစ္စရေးအမျိုးသားတို့သည် ကွင်းပြင်၌ သူတို့ပူဇော်သောယဇ်ကောင်ကိုတွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်ခဲ့၍ ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်ကြရန်ဖြစ်၏။
6
ယဇ်ပုရောဟိတ်သည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအနီး ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွေးကို ဖျန်း၍ အဆီကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ရှို့ရမည်။
7
ယခင်က သူတို့သည် ဖောက်ပြန်မှားယွင်းပြီး မိမိတို့၏ယဇ်များကို ဆိတ်နတ်ဘုရားများအား ပူဇော်ခဲ့ကြသကဲ့သို့ နောက်တစ်ဖန် မပူဇော်ရ။ ဤသည်ကား သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
8
“အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာကိုပူဇော်မည့်သူသည်
9
ထာဝရဘုရားထံပူဇော်ရန် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ မယူဆောင်ခဲ့လျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
10
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
11
အကြောင်းမူကား သတ္တဝါ၏အသက်သည် သွေး၌တည်၏။ ယဇ်ပလ္လင်ပေါ်၌ ထိုသွေးဖြင့် သင်တို့၏အပြစ်ဖြေလွှတ်ခြင်းကိုပြုရန်အတွက် ငါသတ်မှတ်ပေးပြီ။ အကယ်စင်စစ် သွေးသည် လူတို့၏အပြစ်ကိုဖြေလွှတ်ရန်အတွက်ဖြစ်၏။
12
ထို့ကြောင့် ‘သင်တို့တွင် မည်သူမျှ သွေးကိုမစားရ။ သင်တို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည်လည်း သွေးကိုမစားရ’ဟု အစ္စရေးအမျိုးသားတို့ကို ငါမိန့်ဆိုပြီ။
13
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် အမဲလိုက်၍ စားခွင့်ရှိသည့် တောရိုင်းတိရစ္ဆာန်၊ သို့မဟုတ် ကျေးငှက်ကိုမိလျှင် ထိုသားကောင်၏သွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။
14
အကြောင်းမူကား သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်၏။ ထိုသို့ အသက်သည် သွေး၌တည်သောကြောင့် အစ္စရေးအမျိုးသားတို့အား ‘မည်သည့်သတ္တဝါ၏သွေးကိုမျှ မစားရ။ သတ္တဝါတိုင်း၏အသက်သည် သွေး၌တည်သောကြောင့် သွေးကိုစားသောသူမည်သူမဆို သုတ်သင်ပယ်ရှင်းခြင်းခံရမည်’ဟု ငါမိန့်ဆိုပြီ။
15
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ယောက်သည် အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကိုစားမိလျှင် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
16
သူသည် အဝတ်မလျှော်၊ ရေမချိုးလျှင် ကိုယ့်အပြစ် ကိုယ်ခံရမည်”ဟု သူတို့အား ပြောကြားရမည်။
← Chapter 16
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 18 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27