bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 21
Leviticus 21
Burmese MSBU
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 22 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား “အာရုန်၏သားယဇ်ပုရောဟိတ်တို့ကို ဆင့်ဆိုလော့။ ယဇ်ပုရောဟိတ်သည် ကိုယ့်လူမျိုးထဲမှသေလွန်သွားသူအတွက် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။
2
သို့သော် မိမိနှင့်ဆွေမျိုးနီးစပ်သူများဖြစ်သည့် မိဘ၊ သားသမီး၊ ညီအစ်ကို၊
3
ယောက်ျားမယူသေးသော အစ်မ၊ သို့မဟုတ် နှမအပျိုကညာအတွက် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေနိုင်၏။
4
ယဇ်ပုရောဟိတ်သည် မိမိလူမျိုးထဲတွင် ခေါင်းဆောင်ဖြစ်သဖြင့် ကိုယ့်အသရေပျက်အောင် ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။
5
ယဇ်ပုရောဟိတ်တို့သည် ခေါင်းတုံးမတုံးရ။ မုတ်ဆိတ်မွေးအဖျားကို မညှပ်ရ။ ကိုယ့်အသားကို မခုတ်မရှရ။
6
သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သူတို့ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ သူတို့ဘုရားသခင်အဖို့ စားဖွယ်ရာဖြစ်သော ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်များကို ပူဇော်ရသောသူများဖြစ်သောကြောင့် သူတို့သည် သန့်ရှင်းခြင်းရှိကြရမည်။
7
သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ အသရေမရှိသောမိန်းမကို မယူရ။ လင်ယောက်ျားနှင့်ကွာရှင်းထားသောမိန်းမကို မယူရ။
8
ယဇ်ပုရောဟိတ်သည် သင်၏ဘုရားသခင်အား စားဖွယ်ရာကိုဆက်သရသောကြောင့် သင်သည် သူ့ကို သန့်ရှင်းစေရမည်။ သူသည် သင့်အဖို့ သန့်ရှင်းသောသူဖြစ်ရမည်။ အကြောင်းမူကား သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရားသည် သန့်ရှင်း၏။
9
ယဇ်ပုရောဟိတ်တစ်ပါးပါး၏သမီးသည် ပြည့်တန်ဆာလုပ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်အသရေဖျက်လျှင် မိမိဖခင်ကိုအသရေဖျက်ရာရောက်သည်ဖြစ်၍ သူ့ကို မီးရှို့ရမည်။
10
ခေါင်းပေါ်၌ဘိသိက်ဆီသွန်းလောင်း၍ အဝတ်တန်ဆာဝတ်ဆင်ရန် အပ်နှင်းခြင်းခံရသူ၊ မိမိအမျိုးသားချင်းတို့တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သူသည် ဆံပင်ဖားလျားမချရ။ မိမိအဝတ်ကို မဆုတ်ရ။
11
လူသေအလောင်းရှိရာသို့ မသွားရ။ မိမိ၏မိခင်၊ သို့မဟုတ် မိမိ၏ဖခင် ဖြစ်စေကာမူ ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေရ။
12
ဘုရားသခင်၏ဆက်ကပ်ခြင်းဆိုင်ရာဘိသိက်ဆီသည် သူ့အပေါ်၌ရှိသည်ဖြစ်၍ သူသည် သန့်ရှင်းရာဌာနထဲမှ မထွက်ရ။ ဘုရားသခင်၏သန့်ရှင်းရာဌာနကို မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
13
သူသည် အပျိုစင်မိန်းမနှင့်သာ စုံဖက်ရမည်။
14
မုဆိုးမ၊ ကွာရှင်းထားသောမိန်းမ၊ အသရေမရှိသောပြည့်တန်ဆာမတို့နှင့် မစုံဖက်ရ။ သူသည် မိမိလူမျိုးထဲမှ အပျိုကညာကိုသာ မယားအဖြစ် စုံဖက်ရမည်။
15
သူ၏သားသမီးတို့ကို ကိုယ့်လူမျိုးအလယ်၌ မရှုတ်ချရ။ အကြောင်းမူကား ငါသည် သူ့ကိုသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
16
တစ်ဖန် ထာဝရဘုရားက မောရှေအား
17
“အာရုန်အား ဆင့်ဆိုလော့။ သင့်သားစဉ်မြေးဆက်၏မျိုးဆက်တစ်လျှောက်တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မိမိဘုရားသခင်အဖို့ စားဖွယ်ရာကို ပူဇော်ရန် မချဉ်းကပ်ရ။
18
မျက်မမြင်သူ၊ ခြေမသန်သူ၊ မျက်နှာပုံပျက်သူ၊ ကိုယ်အင်္ဂါပုံပျက်သူ၊
19
ခြေကျိုးသူ၊ လက်ကျိုးသူ၊
20
ကျောဘုသူ၊ အရပ်ပုသူ၊ မျက်လုံးပုံပျက်သူ၊ နှင်းခူပေါက်သူ၊ ယားနာပေါက်သူ၊ ဝှေးစေ့ပျက်သူစသည့် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မချဉ်းကပ်ရ။
21
ယဇ်ပုရောဟိတ်အာရုန်၏သားစဉ်မြေးဆက်တို့တွင် ကိုယ်အင်္ဂါချို့ယွင်းသောသူမည်သူမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရန် မချဉ်းကပ်ရ။ ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မိမိဘုရားသခင်အဖို့ စားဖွယ်ရာကို ပူဇော်ရန် မချဉ်းကပ်ရ။
22
မိမိဘုရားသခင်အဖို့ စားဖွယ်ရာများဖြစ်သည့် အထူးသန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း၊ သန့်ရှင်းသောစားဖွယ်ရာကိုလည်းကောင်း သူစားခွင့်ရှိ၏။
23
သို့သော် သူသည် ကိုယ်အင်္ဂါချို့ယွင်းသောကြောင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေရာမရောက်မည့်အကြောင်း ကန့်လန့်ကာအတွင်းသို့ မဝင်ရ၊ ယဇ်ပလ္လင်သို့လည်း မချဉ်းကပ်ရ။ အကြောင်းမူကား ငါထာဝရဘုရားသည် ထိုအရာတို့ကို သန့်ရှင်းစေပြီ”ဟု မိန့်တော်မူ၏။
24
မောရှေသည်လည်း အာရုန်နှင့် သူ၏သားတို့ကိုလည်းကောင်း၊ အစ္စရေးအမျိုးသားအပေါင်းတို့ကိုလည်းကောင်း ဆင့်ဆိုလေ၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27