bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 23
Leviticus 23
Burmese MSBU
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 24 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။
3
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့၊ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ ထိုနေ့သည် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။
4
အချိန်တန်သောအခါ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကား ဤသို့ဖြစ်၏။
5
ပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်၌ ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပရမည်။
6
ထာဝရဘုရားအဖို့ တဆေးမဲ့မုန့်ပွဲတော်ကို ထိုလ တစ်ဆယ့်ငါးရက်နေ့တွင် ကျင်းပရမည်။ ခုနစ်ရက်ပတ်လုံးတဆေးမဲ့မုန့်ကို စားရမည်။
7
ပထမနေ့တွင် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
8
ခုနစ်ရက်ပတ်လုံး မီးဖြင့်ပူဇော်သောယဇ်ကို ထာဝရဘုရားအား ပူဇော်ရမည်။ ခုနစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ သင်တို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရ”ဟု မိန့်တော်မူ၏။
9
တစ်ဖန် ထာဝရဘုရားက မောရှေအား
10
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်၍ သီးနှံရိတ်သိမ်းသောအခါ သင်တို့ရိတ်သိမ်းသော အသီးဦးသီးနှံတစ်စည်းကို ယဇ်ပုရောဟိတ်ထံသို့ ယူဆောင်လာရမည်။
11
သင်တို့ကို လက်ခံမည့်အကြောင်း ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ ယဇ်ပုရောဟိတ်သည် ထိုသီးနှံအစည်းကို ဥပုသ်နေ့လွန်ပြီးနောက်တစ်နေ့၌ ချီလွှဲရမည်။
12
သီးနှံအစည်းကို ချီလွှဲသောနေ့၌ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
13
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံ ဖြစ်ရမည်။
14
သင်တို့ပူဇော်မည့်မုန့်ဖြစ်စေ၊ သီးနှံအခြောက်ဖြစ်စေ၊ သီးနှံအစိုဖြစ်စေ သင်တို့၏ဘုရားသခင်ထံသို့ ပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည့်နေ့မရောက်မချင်း မစားရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
15
ချီလွှဲရာပူဇော်သက္ကာဖြစ်သောသီးနှံအစည်းကို သင်တို့ယူဆောင်လာသောနေ့ဖြစ်သည့် ဥပုသ်နေ့၏နောက်တစ်နေ့မှစ၍ မိမိဘာသာမိမိ ဥပုသ်ခုနစ်ပတ်ပြည့်သည်အထိ ရေတွက်ရမည်။
16
သတ္တမမြောက်ဥပုသ်နေ့၏နောက်တစ်နေ့အထိ ရက်ပေါင်းငါးဆယ်ရေတွက်၍ သီးနှံအသစ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်ရမည်။
17
သင်တို့နေအိမ်မှ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ ထိုမုန့်တို့သည် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို တဆေးဖြင့်ဖုတ်ထားသောမုန့်ဖြစ်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ အဦးဆုံးသီးနှံအလှူဖြစ်၏။
18
ထိုမုန့်နှင့်အတူ အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ် သိုးသငယ်ခုနစ်ကောင်၊ နွားထီးပျိုတစ်ကောင်၊ သိုးထီးနှစ်ကောင်၊ ထိုအကောင်တို့နှင့်အတူ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်တို့ကို ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။
19
အပြစ်ဖြေရာယဇ်အတွက် ဆိတ်သငယ်တစ်ကောင်၊ မိတ်သဟာယယဇ်အတွက် တစ်နှစ်သားအရွယ် သိုးသငယ်နှစ်ကောင်ကို ပူဇော်ရမည်။
20
ယဇ်ပုရောဟိတ်သည် သိုးသငယ်နှစ်ကောင်ကို အဦးဆုံးသီးနှံ၏မုန့်နှင့်အတူ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ထိုအရာတို့သည် ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားရှေ့၌ သန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
21
သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်ဟု ထိုနေ့၌ပင် ကြေညာရမည်။ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့် ပြဋ္ဌာန်းချက်ဖြစ်၏။
22
သင်တို့ပြည်တွင် ရိတ်သိမ်းချိန်၌ သီးနှံရိတ်သိမ်းသောအခါ သင့်လယ်၏အစွန်အဖျားကို အကုန်အစင်မရိတ်ရ။ ရိတ်သိမ်းပြီးသောအခါတွင်လည်း ကောက်သင်းမကောက်ရ။ ၎င်းတို့ကို ဆင်းရဲသားနှင့် တိုင်းတစ်ပါးသားတို့အတွက် ထားခဲ့ရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
23
တစ်ဖန် ထာဝရဘုရားက မောရှေအား
24
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ ပထမနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောနေ့၊ အောက်မေ့ဖွယ်ရာတံပိုးမှုတ်သည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းပြုသောနေ့ ဖြစ်ရမည်။
25
မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကိုသာ ပူဇော်ရမည်”ဟု မိန့်တော်မူ၏။
26
တစ်ဖန် ထာဝရဘုရားက မောရှေအား
27
“သတ္တမလ၊ ဆယ်ရက်နေ့သည် အပြစ်ဖြေလွှတ်ခြင်းနေ့ဖြစ်၏။ သင်တို့အတွက် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းနေ့ဖြစ်၍ မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ် ရမည်။ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။
28
ထိုနေ့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့အတွက် အပြစ်ဖြေလွှတ်ခြင်းကို ပြုရာနေ့ဖြစ်သောကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
29
ထိုနေ့၌ မိမိ၏စိတ်ဆန္ဒကိုမငြင်းပယ်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
30
ထိုနေ့၌ အလုပ်တစ်စုံတစ်ရာလုပ်သောသူမည်သူမဆို သူ၏လူမျိုးအလယ်၌ သူ့ကို ငါဖျက်ဆီးပစ်မည်။
31
သင်တို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရ။ ဤသည်ကား သင်တို့နေထိုင်ရာအရပ်ရပ်၌ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
32
ထိုနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤလကိုးရက်နေ့ နေဝင်ချိန်မှ နောက်တစ်နေ့ နေဝင်ချိန်အထိ ဥပုသ်နေ့ကို သင်တို့စောင့်ထိန်းရမည်”ဟု မိန့်တော်မူ၏။
33
တစ်ဖန် ထာဝရဘုရားက မောရှေအား
34
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ယာယီတဲစုပွဲ ကျင်းပရမည်။
35
ပထမနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ သင်တို့သည် မည်သည့် အလုပ်ကိုမျှ မလုပ်ရ။
36
ခုနစ်ရက်ပတ်လုံး ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။ ရှစ်ရက်မြောက်သောနေ့၌ သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကိုပြု၍ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကို ပူဇော်ရမည်။ ဤနေ့ကား ဓမ္မစည်းဝေးပွဲနေ့ကြီးဖြစ်၍ မည်သည့်အလုပ်ကိုမျှ မလုပ်ရ။
37
ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ရက်အလိုက်ပူဇော်ရန် သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များဖြစ်၏။
38
ထာဝရဘုရား၏ဥပုသ်နေ့ကိုစောင့်ထိန်းသည်သာမက၊ သင်တို့၏ပူဇော်သက္ကာများ၊ သင်တို့၏ကတိသစ္စာအလျောက်ပူဇော်သောအရာအားလုံး၊ သင်တို့၏စေတနာအလျောက်ပူဇော်သောအရာအားလုံးတို့ကို ထာဝရဘုရားအား ပူဇော်ရမည်။
39
ထို့ပြင် မြေအသီးအနှံကိုစုသိမ်းသောအခါ သတ္တမလ၏တစ်ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ပထမနေ့နှင့် အဋ္ဌမနေ့သည် ငြိမ်ဝပ်စွာနေရသောနေ့ဖြစ်၏။
40
သင်တို့သည် ပထမနေ့၌ ကောင်းသောအပင်၏အသီး၊ စွန်ပလွံခက်များ၊ အရွက်ဝေဆာသောအပင်၏အကိုင်း၊ ချောင်းဘေးရှိမိုးမခပင်များကို ယူ၍ ခုနစ်ရက်ပတ်လုံး သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ဝမ်းမြောက်ကြရမည်။
41
ထာဝရဘုရားအဖို့ ထိုပွဲတော်ကို တစ်နှစ်လျှင် ခုနစ်ရက် ကျင်းပရမည်။ ဤသည်ကား သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ထိုပွဲတော်ကို သတ္တမလတွင် ကျင်းပရမည်။
42
သင်တို့သည် ခုနစ်ရက်ပတ်လုံး ယာယီတဲ၌သာ နေထိုင်ရမည်။ အစ္စရေးအမျိုးသားတိုင်း ယာယီတဲ၌ နေထိုင်ရမည်။
43
ထိုသို့ပြုခြင်းဖြင့် ငါသည် အစ္စရေးအမျိုးသားတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာသောအခါ သူတို့ကို ယာယီတဲများ၌ နေထိုင်စေခဲ့ကြောင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် သိရှိကြရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
44
မောရှေသည်လည်း ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27