bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 13
Leviticus 13
Burmese MSBU
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 14 →
1
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
2
“တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက်ဖြစ်လာ၍ သူ၏ကိုယ်ခန္ဓာအရေပြား၌ အနာကြီးရောဂါလက္ခဏာပေါ်လျှင် ထိုသူကို ယဇ်ပုရောဟိတ်အာရုန်၊ သို့မဟုတ် သူ၏သားယဇ်ပုရောဟိတ်တို့ထဲမှတစ်စုံတစ်ဦးထံသို့ ခေါ်ဆောင်လာရမည်။
3
ယဇ်ပုရောဟိတ်သည် ကိုယ်ခန္ဓာအရေပြားပေါ်ရှိအနာကို ကြည့်ရှုစစ်ဆေးသောအခါ အနာထဲရှိအမွေးသည် ဖြူသွား၍ ထိုအနာသည် ကိုယ်ခန္ဓာအရေပြားအောက်ကိုရောက်နေဟန်ရှိလျှင် အနာကြီးရောဂါလက္ခဏာဖြစ်၏။ ယဇ်ပုရောဟိတ်သည် ထိုအနာကို ကြည့်ရှုပြီးနောက် အနာရှိသောသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
4
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။
5
ခုနစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုစစ်ဆေးရမည်။ ထိုသူ၏အနာသည် ပြောင်းလဲခြင်းမရှိ၊ အနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
6
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ထိုသူကို နောက်တစ်ဖန်ကြည့်ရှုစစ်ဆေးရမည်။ အနာသည် ပါးသွား၍ အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် ပွေးဝဲယားနာဖြစ်၏။ ထိုသူသည် မိမိ၏အဝတ်ကို လျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
7
ထိုသူသည် သန့်စင်ကြောင်း ယဇ်ပုရောဟိတ်ကြည့်ရှုစစ်ဆေးပြီးမှ သူ၏ပွေးဝဲယားနာသည် အရေပြားပေါ်၌ ပို၍ပျံ့သွားလျှင် ယဇ်ပုရောဟိတ်ထံ နောက်တစ်ဖန် ပြရမည်။
8
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ ထိုသူ၏ပွေးဝဲယားနာသည် အရေပြားပေါ်၌ ပျံ့နေလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် အနာကြီးရောဂါဖြစ်၏။
9
တစ်စုံတစ်ယောက်သည် အနာကြီးရောဂါအနာရှိနေလျှင် သူ့ကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်လာရမည်။
10
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ အရေပြားပေါ်၌ ဖြူသောအဖုအပိမ့်ရှိနေလျှင်လည်းကောင်း၊ အမွေးသည် ဖြူသွားလျှင်လည်းကောင်း၊ အဖုအပိမ့်ထဲတွင် အသားစိုနေလျှင်လည်းကောင်း
11
ထိုသူ၏ကိုယ်ခန္ဓာအရေပြားပေါ်၌ ကြာမြင့်စွာစွဲနေပြီဖြစ်သောအနာကြီးရောဂါဖြစ်၏။ သူသည် မစင်ကြယ်။ ထို့ကြောင့် ယဇ်ပုရောဟိတ်သည် သူ့ကို သီးခြားထားစရာမလိုဘဲ မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
12
အနာကြီးရောဂါသည် အရေပြားပေါ်၌ ပြန့်ပွား၍ အနာဖြစ်နေသောသူ၏ဦးခေါင်းမှခြေတိုင်အောင် ယဇ်ပုရောဟိတ်တွေ့မြင်နိုင်သောနေရာရှိသမျှ၏အရေပြားအားလုံးကို အနာကြီးရောဂါဖုံးလွှမ်းနေလျှင်
13
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ ထိုသူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို အနာကြီးရောဂါဖုံးလွှမ်းနေကြောင်း တွေ့ရှိလျှင် အနာဖြစ်နေသောသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ သူ့တစ်ကိုယ်လုံးဖြူသွားပြီဖြစ်၍ သူသည် စင်ကြယ်၏။
14
သို့သော် ထိုသူ၏ကိုယ်ခန္ဓာတွင် အသားစိုပေါ်လာသောနေ့၌ သူသည် မစင်ကြယ်။
15
ယဇ်ပုရောဟိတ်သည် အသားစိုကိုကြည့်ရှုစစ်ဆေး၍ သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အသားစိုသည် မစင်ကြယ်။ အနာကြီးရောဂါဖြစ်၏။
16
အသားစိုသည် ပြန်ဖြူသွားလျှင် သူသည် ယဇ်ပုရောဟိတ်ထံသို့ သွားရမည်။
17
ယဇ်ပုရောဟိတ်သည်လည်း သူ့ကို ကြည့်ရှုစစ်ဆေး၍ အနာသည် ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် အနာဖြစ်နေသောသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုသူသည် စင်ကြယ်၏။
18
တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ အနာစိမ်းပေါက်၍ ပျောက်ကင်းပြီးမှ
19
အနာစိမ်း၏နေရာ၌ အဖြူရောင်အဖုအပိမ့်၊ သို့မဟုတ် နီကြင်ကြင်အစက်အပြောက် ပေါ်လာသောအခါ သူသည် ယဇ်ပုရောဟိတ်ထံ ပြရမည်။
20
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အမွေးသည်လည်း ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် အနာစိမ်းနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။
21
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာပေါ်ရှိ အမွေးသည် မဖြူ၊ အရေပြားအောက်ရောက်နေဟန်လည်းမပေါ်ဘဲ ပါးသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို ခုနစ်ရက် သီးခြားထားရမည်။
22
အနာသည် အရေပြားပေါ်၌ ပို၍ပျံ့သွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာရောဂါဖြစ်၏။
23
အစက်အပြောက်သည် ပျံ့သွားခြင်းမရှိဘဲ နဂိုနေရာ၌ရှိနေလျှင် ၎င်းသည် အနာစိမ်း၏အမာရွတ်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
24
တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ မီးပူလောင်နာရှိ၍ အပူလောင်နာအစို၌ နီကြင်ကြင်အစက်အပြောက်၊ သို့မဟုတ် အဖြူရောင်အစက်အပြောက် ပေါ်လာသောအခါ
25
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အစက်အပြောက်ထဲရှိအမွေးသည်ဖြူသွား၍ ထိုအစက်အပြောက်သည် အရေပြားအောက်ရောက်နေဟန်ရှိလျှင် ၎င်းသည် အပူလောင်နာရှိသောနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာကြီးရောဂါဖြစ်၏။
26
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးသောအခါ အစက်အပြောက်ထဲ၌ အမွေးသည် မဖြူ၊ အရေပြားအောက်ရောက်နေဟန်မရှိဘဲ ပါးသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို ခုနစ်ရက် သီးခြားထားရမည်။
27
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြား၌ ပို၍ပျံ့သွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာကြီးရောဂါဖြစ်၏။
28
အစက်အပြောက်သည် အရေပြားပေါ်၌ပျံ့သွားခြင်းမရှိဘဲ နဂိုနေရာ၌ရှိ၍ ပါးသွားလျှင် ၎င်းသည် အပူလောင်နာအဖုအပိမ့်ဖြစ်၏။ ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် အပူလောင်နာအမာရွတ်ဖြစ်၏။
29
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ခေါင်း၊ သို့မဟုတ် မေး၌ အနာဖြစ်လျှင်
30
ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အနာပေါ်တွင် အမွေးဝါပါးပါးရှိနေလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် ယားနာဖြစ်၏။ ခေါင်း၊ သို့မဟုတ် မေးတို့၌ဖြစ်သော အနာကြီးရောဂါဖြစ်၏။
31
ယဇ်ပုရောဟိတ်သည် ယားနာကိုကြည့်ရှုစစ်ဆေး၍ ထိုအနာသည် အရေပြားအောက်ရောက်နေဟန်မရှိ၊ အနာပေါ်ရှိအမွေးလည်း မမည်းလျှင် ယဇ်ပုရောဟိတ်သည် ယားနာဖြစ်နေသောသူအား ခုနစ်ရက် သီးခြားထားရမည်။
32
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် ပျံ့သွားခြင်းမရှိ၊ အနာပေါ်ရှိအမွေးသည်လည်း မဝါ၊ ယားနာသည် အရေပြားအောက်ရောက်နေဟန်မရှိလျှင်
33
ထိုသူသည် အမွေးကို ရိတ်ပစ်ရမည်။ သို့သော် ယားနာဖြစ်သောနေရာကို မရိတ်ရ။ ယဇ်ပုရောဟိတ်သည် ယားနာဖြစ်သောသူကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
34
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ယားနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိ၊ အရေပြားအောက်ရောက်နေဟန်လည်း မရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ သူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
35
သူသည် သန့်စင်ပြီးမှ ယားနာသည် အရေပြားပေါ်၌ ပို၍ပျံ့သွားလျှင်
36
ယဇ်ပုရောဟိတ်သည် သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ ယားနာသည် အရေပြားပေါ်၌ ပျံ့သွားလျှင် ယဇ်ပုရောဟိတ်သည် အမွေးဝါရှိ၊ မရှိ စစ်ဆေးရန်မလို။ သူသည် မစင်ကြယ်။
37
ယားနာသည် တန့်နေ၍ ယားနာပေါ်၌ အမွေးမည်းပေါက်နေသည်ဟု ယဇ်ပုရောဟိတ်မြင်လျှင် ထိုသူသည် ယားနာပျောက်ကင်း၍ စင်ကြယ်ပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
38
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ကိုယ်ခန္ဓာအရေပြား၌ အဖြူရောင်အစက်အပြောက်များ ပေါ်လာလျှင်
39
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူဖျော့ဖျော့ဖြစ်လျှင် ၎င်းသည် အရေပြားပေါ်၌ ပေါက်သောညှင်းဖြစ်၏။ သူသည် စင်ကြယ်၏။
40
ယောက်ျားတစ်ဦးသည် ဆံပင်ကျွတ်၍ ခေါင်းပြောင်သော်လည်း သူသည် စင်ကြယ်၏။
41
ခေါင်းအရှေ့ဘက်မှ ဆံပင်ကျွတ်၍ နဖူးပြောင်သော်လည်း သူသည် စင်ကြယ်၏။
42
ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ နီကြင်ကြင်အနာပေါက်လျှင် ၎င်းသည် ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ ပေါက်သော အနာကြီးရောဂါဖြစ်၏။
43
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ အနာ၏အဖုအပိမ့်သည် ကိုယ်ခန္ဓာအရေပြား၌ဖြစ်သောအနာကြီးရောဂါ၏လက္ခဏာကဲ့သို့ နီကြင်ကြင်ဖြစ်နေလျှင်
44
သူသည် အနာကြီးရောဂါစွဲနေပြီဖြစ်၍ မစင်ကြယ်။ သူ၏ခေါင်းပေါ်၌ အနာပေါက်သောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု အတိအလင်းကြေညာရမည်။
45
အနာကြီးရောဂါစွဲနေသောသူသည် အဝတ်စုတ်ကိုသာ ဝတ်ရမည်။ ဆံပင်ကို ဖားလျားချထားရမည်။ နှုတ်ခမ်းကို ဖုံး၍ ‘မစင်ကြယ် မစင်ကြယ်’ဟု အော်ရမည်။
46
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
47
သိုးမွေးအဝတ်အထည်၊ ချည်ချောအဝတ်အထည်၊
48
ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
49
ထိုအနာသည် အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌ စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင် ဖြစ်နေလျှင် မှိုစွဲနာဖြစ်၏။ ယဇ်ပုရောဟိတ်အား ပြရမည်။
50
ယဇ်ပုရောဟိတ်သည် အနာကိုကြည့်ရှုစစ်ဆေးပြီးလျှင် အနာစွဲနေသောပစ္စည်းကို ခုနစ်ရက် သီးခြားထားရမည်။
51
ခုနစ်ရက်မြောက်သောနေ့၌ အနာကိုကြည့်ရှုစစ်ဆေးရမည်။ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်ပြုလုပ်ထားသောပစ္စည်းတစ်ခုခု စသည်တို့၌ ပျံ့သွားလျှင် ထိုအနာသည် ဆိုးရွားသော မှိုစွဲနာဖြစ်၏။ ထိုပစ္စည်းသည် မစင်ကြယ်။
52
ယဇ်ပုရောဟိတ်သည် အဝတ်၊ ချည်ချော၊ သို့မဟုတ် သိုးမွေး၏တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည့် အနာစွဲသောပစ္စည်းတို့ကို ရှို့ပစ်ရမည်။ ဆိုးရွားသော မှိုစွဲနာဖြစ်သောကြောင့် မီးရှို့ပစ်ရမည်။
53
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခု စသည်တို့၌ ပျံ့သွားခြင်းမရှိလျှင်
54
အနာစွဲသောပစ္စည်းကို လျှော်ရန် မိန့်မှာရမည်။ ထို့နောက် ထိုပစ္စည်းကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
55
အနာစွဲသောပစ္စည်းကို လျှော်ပြီးသည့်နောက် ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အနာ၏လက္ခဏာသည် ပြောင်းလဲခြင်းမရှိ။ အနာသည်ပျံ့သွားခြင်းမရှိလျှင်လည်း ထိုပစ္စည်းသည် မစင်ကြယ်။ မီးရှို့ပစ်ရမည်။ ထိုပစ္စည်း၏အတွင်း၊ သို့မဟုတ် အပြင်၌ မှိုတက်နေခြင်းဖြစ်၏။
56
ထိုပစ္စည်းကို ဆေးကြောပြီးသည့်နောက် ယဇ်ပုရောဟိတ်ကြည့်ရှုစစ်ဆေး၍ အနာသည် ပါးသွားလျှင် အနာကို အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်တို့မှ ဖယ်ထုတ်ရမည်။
57
အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခု စသည်တို့၌ အနာထပ်ပေါ်လာလျှင် ထိုအနာသည် ပြန့်ပွားတတ်သောအနာဖြစ်၍ သင်သည် ထိုအနာစွဲသောပစ္စည်းကို မီးရှို့ပစ်ရမည်။
58
လျှော်ပြီးသော အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌ အနာပျောက်သွားလျှင် နောက်တစ်ခါ လျှော်ရမည်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
59
ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27