bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 15
Leviticus 15
Burmese MSBU
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
1
တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
2
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားတစ်ယောက်ယောက်သည် မိမိ၏ကိုယ်ခန္ဓာမှ အရိအရွဲထွက်သောအခါ ထိုသူသည် ရိနာကြောင့် မစင်မကြယ်ဖြစ်၏။
3
ထိုသူ၏ရိနာနှင့်ဆိုင်သော မစင်ကြယ်ခြင်းကား ဤသို့ဖြစ်၏။ သူ၏ကိုယ်ခန္ဓာမှ အရိအရွဲထွက်သည်ဖြစ်စေ၊ အရိအရွဲမထွက်ဘဲ ပိတ်နေသည်ဖြစ်စေ သူသည် မစင်မကြယ်ဖြစ်၏။
4
အရိအရွဲထွက်သူ အိပ်သည့်အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။ သူထိုင်သည့်နေရာတိုင်း မစင်မကြယ်ဖြစ်၏။
5
ထိုသူ၏အိပ်ရာကို ထိမိသောသူတိုင်း မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
6
အရိအရွဲထွက်သူထိုင်ခဲ့သောဝတ္ထုပစ္စည်းပေါ်၌ ထိုင်မိသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
7
အရိအရွဲထွက်သူ၏ကိုယ်ခန္ဓာကိုထိမိသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
8
အရိအရွဲထွက်သူသည် စင်ကြယ်သောသူကို တံတွေးထွေးမိလျှင် တံတွေးထွေးခံရသောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
9
အရိအရွဲထွက်သူထိုင်စီးသည့် ကုန်းနှီးတိုင်း မစင်မကြယ်ဖြစ်၏။
10
ထိုသူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းတစ်ခုခုကို ထိမိသောသူတိုင်း နေဝင်ချိန်ထိ မစင်မကြယ်ဖြစ်၏။ ထိုဝတ္ထုပစ္စည်းများကို သယ်ဆောင်သွားသောသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
11
အရိအရွဲထွက်သူသည် မိမိလက်ကိုရေမဆေးဘဲ တစ်စုံတစ်ယောက်ကိုထိမိလျှင် အထိခံရသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
12
အရိအရွဲထွက်သူ ထိမိသောမြေအိုးကို ခွဲပစ်ရမည်။ သူထိမိသော သစ်သားအသုံးအဆောင်တိုင်းကို ရေဆေးရမည်။
13
အရိအရွဲထွက်သူသည် ရိနာမှ စင်ကြယ်သောအခါ သူသည် မိမိ၏သန့်စင်ခြင်းအတွက် မိမိဘာသာမိမိနေ့ရက်ခုနစ်ရက်ရေတွက်ရမည်။ ခုနစ်ရက်စေ့လျှင် မိမိအဝတ်ကိုလျှော်၍ စမ်းရေဖြင့် ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
14
ရှစ်ရက်မြောက်သောနေ့၌ သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူပြီး ထာဝရဘုရားရှေ့တော်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့လာ၍ ယဇ်ပုရောဟိတ်အား ပေးရမည်။
15
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် အရိအရွဲထွက်သူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
16
ယောက်ျားသည် သုက်ရည်ထွက်လျှင် တစ်ကိုယ်လုံး ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
17
သုက်ရည်ပေသွားသော အဝတ်နှင့်သားရေရှိသမျှတို့ကို လျှော်ရမည်။ ၎င်းတို့သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
18
ယောက်ျားသည် မိန်းမနှင့်အိပ်၍ သုက်ရည်ထွက်လျှင် နှစ်ယောက်စလုံး ရေချိုးရမည်။ သူတို့သည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
19
မိန်းမသည် ဓမ္မတာသွေးဆင်းလျှင် သူသည် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ သူ့ကိုထိသောသူတိုင်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
20
ဓမ္မတာလာသောကာလအတွင်း သူအိပ်သည့်အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။ သူထိုင်သည့်နေရာတိုင်း မစင်မကြယ်ဖြစ်၏။
21
သူ၏အိပ်ရာကိုထိသောသူတိုင်း မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
22
သူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းတစ်ခုခုကိုထိမိသောသူတိုင်း မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
23
အိပ်ရာပေါ်၌ဖြစ်စေ၊ သူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းပေါ်၌ဖြစ်စေ စွန်းနေသောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
24
ယောက်ျားသည် သူနှင့်အိပ်၍ ထိုယောက်ျားသည် ဓမ္မတာသွေးစွန်းသွားလျှင် ခုနစ်ရက်ပတ်လုံးမစင်မကြယ်ဖြစ်၏။ ထိုယောက်ျားအိပ်သည့် အိပ်ရာတိုင်း မစင်မကြယ်ဖြစ်၏။
25
မိန်းမသည် ဓမ္မတာလာချိန်မဟုတ်ဘဲ ရက်ပေါင်းများစွာသွေးဆင်းနေလျှင်ဖြစ်စေ၊ ဓမ္မတာလာချိန်၌ ရက်ပို၍ဆက်လာနေလျှင်ဖြစ်စေ မစင်ကြယ်သောအရာဆင်းနေချိန်တစ်လျှောက်လုံး ဓမ္မတာလာချိန်ကဲ့သို့ပင် သူသည် မစင်ကြယ်သောသူဖြစ်၏။
26
သွေးဆင်းချိန်တစ်လျှောက်လုံး၌ သူအိပ်သည့်အိပ်ရာတိုင်းသည် ဓမ္မတာလာချိန်မှအိပ်ရာကဲ့သို့မစင်မကြယ်ဖြစ်၏။ သူထိုင်ခဲ့သောဝတ္ထုပစ္စည်းတိုင်းသည် ဓမ္မတာလာချိန်၌မစင်ကြယ်သကဲ့သို့ မစင်မကြယ်ဖြစ်၏။
27
၎င်းတို့ကို ထိမိသောသူတိုင်း မစင်မကြယ်ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
28
ထိုမိန်းမသည် သွေးဆင်းခြင်းမှ စင်ကြယ်သွားသောအခါ မိမိဘာသာမိမိနေ့ရက်ခုနစ်ရက်ရေတွက်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
29
ရှစ်ရက်မြောက်သောနေ့၌ သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ယဇ်ပုရောဟိတ်ထံ ယူဆောင်လာရမည်။
30
ယဇ်ပုရောဟိတ်သည် တစ်ကောင်ကို အပြစ်ဖြေရာယဇ်အတွက်၊ ကျန်တစ်ကောင်ကို မီးရှို့ရာယဇ်အတွက် ပူဇော်ရမည်။ ဤသို့ဖြင့် ယဇ်ပုရောဟိတ်သည် မစင်ကြယ်သောအရာဆင်းသောမိန်းမအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးရမည်။
31
ထိုသို့ အစ္စရေးအမျိုးသားတို့သည် သူတို့အလယ်ရှိ ငါကိန်းဝပ်တော်မူရာတဲတော်ကို သူတို့၏မစင်ကြယ်ခြင်းဖြင့် ညစ်ညူးစေ၍ သေရမည့်အဖြစ်သို့ မရောက်ကြစေရန် သူတို့၏မစင်ကြယ်ခြင်းမှ သူတို့ကိုကင်းစင်စေရမည်။
32
ဤသည်ကား အရိအရွဲထွက်သောသူ၊ သုက်ရည်ထွက်ခြင်းကြောင့် ညစ်ညူးသောသူ၊
33
ဓမ္မတာလာသောမိန်းမ၊ မစင်ကြယ်သောအရည်ထွက်သောယောက်ျားမိန်းမ၊ မစင်ကြယ်သောမိန်းမနှင့်အိပ်သောယောက်ျား တို့နှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27