bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 25
Leviticus 25
Burmese MSBU
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 26 →
1
တစ်ဖန် သိနာတောင်ပေါ်၌ ထာဝရဘုရားက မောရှေအား
2
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်သောအခါ ထိုပြည်သည် ထာဝရဘုရားအဖို့ ဥပုသ်စောင့်ရမည်။
3
ခြောက်နှစ်ပတ်လုံး သင်၏လယ်ယာ၌ မျိုးကြဲရမည်။ ခြောက်နှစ်ပတ်လုံး သင်၏စပျစ်ခြံကို ရှင်းလင်းပြုစုရမည်။ ပြီးမှ အသီးအနှံကိုစုသိမ်းရမည်။
4
သတ္တမနှစ်သည် မြေကြီး ငြိမ်ဝပ်စွာနေရသောဥပုသ်နှစ်၊ ထာဝရဘုရား၏ဥပုသ်နှစ်ဖြစ်၏။ သင်၏လယ်ယာ၌ မျိုးမကြဲရ။ သင်၏စပျစ်ခြံကိုလည်း ရှင်းလင်းပြုစုခြင်းမပြုရ။
5
အလေ့ကျပေါက်သောအပင်မှသီးနှံကို မရိတ်သိမ်းရ။ မပြုစုထားသောစပျစ်ပင်မှစပျစ်သီးကိုလည်း မဆွတ်ခူးရ။ ထိုနှစ်သည် မြေအဖို့ ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်ရမည်။
6
ဥပုသ်နှစ်၌ မြေသည် သင်တို့အဖို့ စားစရာဖြစ်ထွန်းစေလိမ့်မည်။ သင်နှင့် သင်၏ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ သင်၏သူရင်းငှား၊ သင့်ထံ၌တည်းခိုနေထိုင်သောဧည့်သည်၊
7
သင်၏တိရစ္ဆာန်၊ သင့်ပြည်၌ရှိသောတောရိုင်းတိရစ္ဆာန် စသည်တို့ စားဖို့ဖြစ်၏။
8
သင်သည် ဥပုသ်နှစ် ခုနစ်နှစ်ကို မိမိဘာသာမိမိ ခုနစ်နှစ် ခုနစ်လီ ရေတွက်ရမည်။ ဥပုသ်နှစ် ခုနစ်နှစ် ခုနစ်လီ၏ကာလသည် လေးဆယ့်ကိုးနှစ်ဖြစ်၏။
9
သတ္တမလ၊ ဆယ်ရက်နေ့၌ သင်သည် တံပိုးကို ကျယ်လောင်စွာမှုတ်ရမည်။ အပြစ်ဖြေလွှတ်ခြင်းနေ့၌ သင်တို့သည် တစ်ပြည်လုံးအနှံ့ တံပိုးကို မှုတ်ရမည်။
10
သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။
11
ငါးဆယ်မြောက်နှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်ရမည်။ ထိုနှစ်တွင် မျိုးမကြဲရ။ အလေ့ကျပေါက်သောအပင်မှသီးနှံကို မရိတ်သိမ်းရ။ မပြုစုထားသောစပျစ်ပင်မှစပျစ်သီးကိုလည်း မဆွတ်ခူးရ။
12
အကြောင်းမူကား ထိုမင်္ဂလာရတုနှစ်သည် သင်တို့အဖို့ သန့်ရှင်းရမည်။ သင်တို့သည် လယ်ယာမှအလေ့ကျပေါက်သောအပင်၏အသီးအနှံကိုသာ စားရမည်။
13
ထိုမင်္ဂလာရတုနှစ်တွင် သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့ ပြန်ရမည်။
14
သင်တို့သည် မိမိ၏အိမ်နီးချင်းအား တစ်စုံတစ်ရာကို ရောင်းသည်ဖြစ်စေ၊ မိမိအိမ်နီးချင်းထံမှ ဝယ်သည်ဖြစ်စေ တစ်ယောက်ကိုတစ်ယောက် နိုင်ထက်စီးနင်းမပြုရ။
15
သင့်အိမ်နီးချင်းထံမှ လယ်ယာကို သင်ဝယ်သောအခါ မင်္ဂလာရတုနှစ်ပြီး၍ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ဝယ်ရမည်။ သူသည်လည်း သီးနှံရိတ်သိမ်းနိုင်မည့်နှစ်အရေအတွက်နှင့်အညီ သင့်အား ရောင်းရမည်။
16
ဖြစ်ထွန်းသောသီးနှံအရေအတွက်နှင့်အညီ သင့်အား ရောင်းရခြင်းဖြစ်သောကြောင့် နှစ်အရေအတွက်များလျှင် တန်ဖိုးကိုတိုး၍ နှစ်အရေအတွက်နည်းလျှင် တန်ဖိုးကိုလျှော့ရမည်။
17
အချင်းချင်း နိုင်ထက်စီးနင်းမပြုရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
18
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာရမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပြုကျင့်ရမည်။ သို့ပြုလျှင် သင်တို့သည် ငါပေးသောပြည်၌ ဘေးကင်းလုံခြုံစွာနေထိုင်ရမည်။
19
ထိုပြည်၌ အသီးအနှံဖြစ်ထွန်း၍ သင်တို့သည် ဝစွာစားရမည်။ ဘေးကင်းလုံခြုံစွာနေထိုင်ရမည်။
20
သင်တို့က “အကျွန်ုပ်တို့သည် မျိုးမကြဲရ၊ ကိုယ့်အသီးအနှံကိုလည်း မစုသိမ်းရလျှင် သတ္တမနှစ်၌ မည်သည့်အရာကိုစားရမည်နည်း”ဟု မေးကြလိမ့်မည်။
21
ငါသည် ဆဋ္ဌမနှစ်၌ သင်တို့အပေါ်သို့ ငါ၏ကောင်းချီးမင်္ဂလာကို သက်ရောက်စေမည်။ ထိုနှစ်၌ သုံးနှစ်စာအသီးအနှံ ထွက်လိမ့်မည်။
22
သင်တို့သည် အဋ္ဌမနှစ်မျိုးကြဲချိန်၌ သီးနှံအဟောင်းကို စားကြရမည်။ အသီးအနှံထွက်သည့်နဝမနှစ်တိုင်အောင် အဟောင်းကိုစားကြရမည်။
23
မြေသည် ငါ့အပိုင်ဖြစ်၏။ သင်တို့သည် ငါ့ထံ၌တည်းခိုသော တိုင်းတစ်ပါးသားများ၊ ဧည့်သည်များဖြစ်သောကြောင့် မြေကိုအပြီးအပိုင်မရောင်းရ။
24
သင်တို့ပိုင်ဆိုင်ရာမြေအားလုံးကို သင်တို့ရွေးနုတ်ခွင့်ပေးရမည်။
25
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သူ့လက်ဝယ်ရှိမြေအချို့ကို ရောင်းလျှင် ရွေးနုတ်ခွင့်ရှိသော သူ၏ဆွေမျိုးသားချင်းသည်လာ၍ သူရောင်းသောမြေကို ရွေးနုတ်ရမည်။
26
ထိုသူ၌ ရွေးနုတ်ပေးမည့်သူ မရှိဘဲ သူသည် ကြီးပွားလာ၍ သူ့မြေကို ပြန်ရွေးနုတ်ရန် ငွေအလုံအလောက်ရှိလျှင်
27
သူသည် မိမိရောင်းထားသောနှစ်ကိုတွက်၍ လိုငွေကို ဝယ်သူအား ပေးပြီးမှ မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။
28
သူသည် ပြန်ပေးရန် ငွေအလုံအလောက်မရှိလျှင် သူရောင်းထားသောမြေသည် မင်္ဂလာရတုနှစ်အထိ ဝယ်သူ၏လက်ထဲ၌ ရှိနေရမည်။ မင်္ဂလာရတုနှစ်၌ သူသည် မြေကိုပြန်ရသဖြင့် သူသည်မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။
29
တစ်စုံတစ်ယောက်သည် တံတိုင်းခတ်ထားသောမြို့ထဲရှိ နေအိမ်ကို ရောင်းလျှင် ရောင်းသောနေ့မှ တစ်နှစ်အတွင်း ရွေးနုတ်ခွင့်ရှိ၏။ ထိုအချိန်အတွင်း ရွေးနုတ်ရမည်။
30
သူသည် တစ်နှစ်ပြည့်သွားသည်အထိ မရွေးနုတ်လျှင် တံတိုင်းခတ်ထားသောမြို့ထဲရှိ အိမ်ကိုဝယ်သူသည် မျိုးဆက်အစဉ်အဆက် အမြဲပိုင်ရမည်။ မင်္ဂလာရတုနှစ်ရောက်သော်လည်း အိမ်ကို ပြန်ပေးရမည်မဟုတ်။
31
သို့သော် တံတိုင်းမခတ်ထားသောရွာရှိ နေအိမ်များကို လယ်ယာကဲ့သို့သတ်မှတ်ရမည်။ သူသည် နေအိမ်ကို ရွေးနုတ်ခွင့်ရှိ၏။ မင်္ဂလာရတုနှစ်ရောက်သောအခါ သူသည် အိမ်ကို ပြန်လည်ရရှိမည်။
32
လေဝိအမျိုးတို့ပိုင်သောမြို့များရှိ သူတို့၏အိမ်များကိုကား လေဝိအမျိုးတို့သည် ရွေးနုတ်ခွင့်အစဉ်အမြဲရှိ၏။
33
တစ်စုံတစ်ယောက်သည် လေဝိအမျိုးတို့ထံမှအိမ်ကိုဝယ်ယူလျှင် လေဝိအမျိုးတို့ပိုင်ဆိုင်ရာမြို့ရှိ ထိုရောင်းထားသောအိမ်ကို မင်္ဂလာရတုနှစ်ရောက်သောအခါ ပြန်ပေးရမည်။ အကြောင်းမူကား အစ္စရေးအမျိုးသားတို့တွင် လေဝိအမျိုးတို့ပိုင်သောမြို့များရှိ အိမ်များသည် သူတို့၏အပိုင်ဖြစ်၏။
34
သူတို့၏မြို့များရှိစားကျက်မြေသည် သူတို့အစဉ်အမြဲပိုင်သောမြေဖြစ်သောကြောင့် မရောင်းရ။
35
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သင့်အား မှီခိုနေရလျှင် သူ့အား တိုင်းတစ်ပါးသား၊ သို့မဟုတ် ဧည့်သည်ကဲ့သို့ ထောက်မရမည်။ သင်နှင့်အတူ နေထိုင်ခွင့်ပေးရမည်။
36
သူ့ထံမှ အတိုးအမြတ် မယူရ။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ပြီး သင်၏ညီအစ်ကိုကို သင်နှင့်အတူနေထိုင်ခွင့်ပြုရမည်။
37
သင်၏ငွေကို သူ့အား အတိုးဖြင့် မချေးရ။ သင်၏အစားအစာကိုလည်း သူ့အား အမြတ်ဖြင့် မရောင်းရ။
38
ငါသည် သင်တို့အား ခါနာန်ပြည်ကိုပေး၍ သင်တို့၏ဘုရားဖြစ်ဖို့အတွက် အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
39
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သင့်ထံ၌ သူ့ကိုယ်သူရောင်းလျှင် သင်သည် သူ့အား ကျွန်ကဲ့သို့ မစေခိုင်းရ။
40
သူသည် သင့်ထံ၌ သူရင်းငှားကဲ့သို့လည်းကောင်း၊ ဧည့်သည်ကဲ့သို့လည်းကောင်း နေ၍ မင်္ဂလာရတုနှစ်အထိ သင့်ထံ၌ အလုပ်လုပ်ရမည်။
41
ထို့နောက်တွင် သူသည် မိမိသားသမီးများနှင့်တကွ သင့်ထံမှထွက်သွား၍ မိမိမျိုးနွယ်စုရှိရာသို့ပြန်သွားရမည်။ မိမိဘိုးဘေးတို့ပိုင်ဆိုင်ရာမြေသို့ ပြန်သွားရမည်။
42
အကြောင်းမူကား သူတို့သည် အီဂျစ်ပြည်မှငါထုတ်ဆောင်ခဲ့သော ငါ၏အစေအပါးများဖြစ်ကြ၏။ သူတို့ကို ကျွန်အဖြစ်မရောင်းရ။
43
သူ့အပေါ် ရက်စက်ကြမ်းတမ်းစွာမအုပ်စိုးရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။
44
သင်ပိုင်သော ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့သည် သင်တို့ဝန်းကျင်၌ရှိသောလူမျိုးခြားတို့ထဲမှဖြစ်ရမည်။ ထိုသူတို့ထဲမှ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သင်တို့ ဝယ်ယူရမည်။
45
ထို့ပြင် သင်တို့ထံ၌ တည်းခိုနေထိုင်သောဧည့်သည်တို့၏သားသမီးများထဲမှလည်းကောင်း၊ သင်တို့ပြည်၌မွေးဖွား၍ သင်တို့နှင့်အတူနေထိုင်သည့် သူတို့၏မျိုးနွယ်စုထဲမှလည်းကောင်း သင်တို့ဝယ်ယူခွင့်ရှိ၏။ ထိုသူတို့သည် သင်တို့၏အပိုင်ဖြစ်ရမည်။
46
သင်တို့သည် ထိုသူတို့ကို နောင်လာမည့်သင်တို့၏သားမြေးတို့ ပိုင်ဆိုင်သောအမွေအဖြစ် ချန်ထားခဲ့နိုင်၏။ ထိုသူတို့ကို တစ်သက်လုံးကျွန်ပြုခွင့်ရှိ၏။ သို့သော် သင်တို့၏အမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့သည် အချင်းချင်းတစ်ဦးအပေါ်တစ်ဦး ရက်စက်ကြမ်းတမ်းစွာမအုပ်စိုးရ။
47
အကယ်၍ သင်နှင့်အတူနေထိုင်သည့် တိုင်းတစ်ပါးသားဧည့်သည်သည် ကြီးပွား၍ သူနှင့်အတူနေထိုင်သည့် သင်၏အမျိုးသားချင်းသည် ဆင်းရဲသွားသဖြင့် သူသည် သင်နှင့်အတူနေထိုင်သည့်တိုင်းတစ်ပါးသားဧည့်သည်ထံ၌ဖြစ်စေ၊ တိုင်းတစ်ပါးသား၏မျိုးနွယ်စုဝင်ထံ၌ဖြစ်စေ သူ့ကိုယ်သူရောင်းလျှင်
48
ရောင်းပြီးနောက် သူ့ကို ရွေးနုတ်ခွင့်ရှိရမည်။ သူ၏ညီအစ်ကိုများထဲမှ တစ်စုံတစ်ယောက်က သူ့ကို ရွေးနုတ်ရမည်။
49
သူ၏ဘကြီးဖြစ်စေ၊ သူ့ဘကြီး၏သားဖြစ်စေ သူ့ကို ရွေးနုတ်ရမည်။ သို့မဟုတ် သူ၏မျိုးနွယ်စုထဲမှ သူနှင့်သွေးသားတော်စပ်သူတစ်ယောက်ယောက်က သူ့ကို ရွေးနုတ်ရမည်။ သို့မဟုတ် သူကိုယ်တိုင်ကြီးပွားသောအခါ သူ့ကိုယ်သူ ရွေးနုတ်ရမည်။
50
သူသည် သူ့ကိုယ်သူ ရောင်းသောနှစ်မှစ၍ မင်္ဂလာရတုနှစ်အထိ နှစ်ပေါင်းကို ဝယ်သူနှင့်အတူ ရေတွက်ရမည်။ သူ့ကိုယ်သူရောင်းသောတန်ဖိုးသည် ရေတွက်သောနှစ်အလိုက်ဖြစ်ရမည်။ ဝယ်သူနှင့်နေရသောကာလသည် သူရင်းငှားတစ်ယောက်နေရသောကာလအတိုင်း ဖြစ်ရမည်။
51
သူ့ကိုယ်သူ ရွေးနုတ်သောအခါ နှစ်များစွာကျန်သေးလျှင် ထိုနှစ်တို့၏အရေအတွက်နှင့်အညီ သူ့ကိုဝယ်သောငွေမှနုတ်၍ ပြန်အမ်းရမည်။
52
မင်္ဂလာရတုနှစ်ရောက်ရန် နှစ်အနည်းငယ်သာကျန်လျှင် မိမိဘာသာမိမိရေတွက်၍ ထိုနှစ်တို့၏အရေအတွက်နှင့်အညီ မိမိ၏ရွေးနုတ်ခကို ပြန်အမ်းရမည်။
53
သူသည် ဝယ်သူထံ၌ တစ်နှစ်ပြီးတစ်နှစ် သူရင်းငှားကဲ့သို့ နေရမည်။ သင့်မျက်မှောက်တွင် ဝယ်သူက သူ့ကို ရက်စက်ကြမ်းတမ်းစွာ မအုပ်စိုးစေနှင့်။
54
ထိုသို့သောနည်းတို့ဖြင့် သူ့ကိုယ်သူ မရွေးနုတ်နိုင်လျှင်လည်း မင်္ဂလာရတုနှစ်ရောက်သောအခါ သူနှင့် သူ၏သားသမီးတို့သည် လွတ်မြောက်ခွင့်ရရှိမည်။
55
အကြောင်းမူကား အစ္စရေးအမျိုးသားတို့သည် ငါ၏အစေအပါးများဖြစ်ကြ၏။ အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သော ငါ၏အစေအပါးများဖြစ်ကြ၏။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27