bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 7
Leviticus 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 8 →
1
အပြစ်ဒဏ်ဖြေရာယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။ အပြစ်ဒဏ်ဖြေရာယဇ်သည် အလွန်သန့်ရှင်း၏။
2
အပြစ်ဒဏ်ဖြေရာယဇ်ကောင်ကို မီးရှို့ရာယဇ်ကောင်သတ်သောနေရာ၌ သတ်၍ သွေးကို ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌ ဖျန်းရမည်။
3
အမြီးပိုင်းအဆီ၊ အူကိုဖုံးနေသည့်အဆီနှင့်တကွ
4
ခါးအောက်ပိုင်းရှိ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီ၊ ကျောက်ကပ်နှင့်အတူခွာယူသည့် အသည်းပေါ်မှအဆီပျဉ်စသော ယဇ်ကောင်၏အဆီအားလုံးကို ပူဇော်ရမည်။
5
၎င်းတို့ကို ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ဤသည်ကား အပြစ်ဒဏ်ဖြေရာယဇ်ဖြစ်၏။
6
ယဇ်ပုရောဟိတ်ဖြစ်သောယောက်ျားတိုင်း ယဇ်ကောင်အသားကိုစားခွင့်ရှိ၏။ သန့်ရှင်းသောနေရာ၌ စားရမည်။ ဤယဇ်သည် အထူးသန့်ရှင်းသောယဇ်ဖြစ်၏။
7
အပြစ်ဒဏ်ဖြေရာယဇ်သည် အပြစ်ဖြေရာယဇ်ကဲ့သို့ပင်ဖြစ်ပြီး ၎င်းတို့နှင့်ဆိုင်သောတရားသည် တစ်ပါးတည်းဖြစ်၏။ ယဇ်ကောင်ဖြင့် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသောယဇ်ပုရောဟိတ်သည် ထိုယဇ်ကောင်ကို ပိုင်၏။
8
ယဇ်ပုရောဟိတ်သည် တစ်စုံတစ်ဦးအတွက် မီးရှို့ရာယဇ်ကို ပူဇော်ပေးလျှင် ထိုယဇ်ပုရောဟိတ်သည် သူပူဇော်ပေးသောမီးရှို့ရာယဇ်ကောင်၏သားရေကို ပိုင်၏။
9
မီးဖိုထဲ၌ဖုတ်သောဘောဇဉ်ပူဇော်သက္ကာရှိသမျှနှင့် အိုးကင်း၊ ဒယ်ပြားဖြင့်လုပ်သောမုန့်အားလုံးကို ဘောဇဉ်ပူဇော်သက္ကာပူဇော်ပေးသောယဇ်ပုရောဟိတ်သည် ပိုင်၏။
10
ဆီဖြင့်ရောသည်ဖြစ်စေ၊ မရောသည်ဖြစ်စေ ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အာရုန်၏သားအပေါင်းတို့ ညီတူညီမျှ ပိုင်၏။
11
ထာဝရဘုရားအား ပူဇော်သည့် မိတ်သဟာယယဇ်နှင့်ဆိုင်သောတရားကား ဤသို့ဖြစ်၏။
12
မိတ်သဟာယယဇ်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ပူဇော်လိုလျှင် ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာနှင့်အတူ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်၊ အကောင်းဆုံးဂျုံမှုန့်ကိုဆီနှင့်နယ်၍ လုပ်ထားသောမုန့်ဝိုင်းကို ပူဇော်ရမည်။
13
ထို့ပြင် ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် မိတ်သဟာယယဇ်နှင့်အတူ တဆေးပါသောမုန့်ဝိုင်းကိုလည်း ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
14
ထိုပူဇော်သက္ကာမုန့်တစ်မျိုးစီထဲမှ တစ်ခုစီကို ထာဝရဘုရားအဖို့ ချီမြှောက်ရာအလှူပစ္စည်းအဖြစ် ပူဇော်ရမည်။ ထိုမုန့်တို့ကို မိတ်သဟာယယဇ်ကောင်၏သွေးကိုဖျန်းသောယဇ်ပုရောဟိတ်သည် ပိုင်၏။
15
ကျေးဇူးတော်ချီးမွမ်းခြင်းအတွက်ပူဇော်သော မိတ်သဟာယယဇ်အသားကို ပူဇော်သောနေ့၌ပင် စားရမည်။ ထိုအသားကို နံနက်တိုင်အောင် မချန်ထားရ။
16
ကတိသစ္စာပြုခြင်းအတွက်၊ သို့မဟုတ် စေတနာအလျောက်ပူဇော်ခြင်းအတွက် ပူဇော်သောယဇ်ဖြစ်လျှင် ထိုယဇ်ကောင်ကို ပူဇော်သောနေ့၌ စားရမည်။ အကျန်ကို နောက်တစ်နေ့၌လည်း စားခွင့်ရှိ၏။
17
သုံးရက်မြောက်သောနေ့၌ ထိုယဇ်ကောင်၏ကျန်သောအသားကို မီးရှို့ပစ်ရမည်။
18
သုံးရက်မြောက်သောနေ့၌ မိတ်သဟာယယဇ်အသားကို အနည်းငယ်မျှပင်စားမိလျှင် ထိုယဇ်ကို လက်ခံတော်မူမည်မဟုတ်။ ပူဇော်သောသူကိုလည်း အသိအမှတ်ပြုမည်မဟုတ်။ ထိုယဇ်သည် ရွံရှာဖွယ်ဖြစ်၏။ ၎င်းကိုစားမိသောသူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
19
မစင်ကြယ်သောအရာတစ်စုံတစ်ခုနှင့်ထိမိသောအသားကို မစားရ။ မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအသားကို စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
20
တစ်စုံတစ်ဦးသည် မိမိကိုယ်ပေါ်၌ အညစ်အကြေးရှိလျက်နှင့် ထာဝရဘုရားအား ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
21
တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
22
တစ်ဖန် ထာဝရဘုရားက မောရှေအား
23
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ သင်တို့သည် နွား၊ သိုး၊ ဆိတ်တို့၏အဆီမှန်သမျှ မစားရ။
24
အလိုလိုသေသောအကောင်၏အဆီ၊ သားရဲကိုက်သတ်သောအကောင်၏အဆီကို တစ်စုံတစ်ရာအတွက်အသုံးပြုနိုင်သော်လည်း လုံးဝမစားရ။
25
တစ်စုံတစ်ဦးသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောတိရစ္ဆာန်၏အဆီကိုစားလျှင် စားသောသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
26
သင်တို့နေထိုင်ရာအရပ်ရပ်၌ ငှက်သွေးဖြစ်စေ၊ တိရစ္ဆာန်သွေးဖြစ်စေ မည်သည့်သွေးကိုမျှ မစားရ။
27
သွေးတစ်မျိုးမျိုးကိုစားသောသူမှန်သမျှ မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
28
တစ်ဖန် ထာဝရဘုရားက မောရှေအား
29
“အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်သောသူသည် မိမိ၏မိတ်သဟာယယဇ်ထဲမှ ပူဇော်သက္ကာကို ထာဝရဘုရားထံ ယူဆောင်လာရမည်။
30
ထိုသူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကို မိမိလက်ဖြင့်ယူဆောင်လာရမည်။ အဆီနှင့်တကွရင်ပုံကို ယူဆောင်လာ၍ ရင်ပုံကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။
31
ယဇ်ပုရောဟိတ်သည် အဆီကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ရင်ပုံသည် အာရုန်နှင့်သူ၏သားတို့အတွက်ဖြစ်၏။
32
မိတ်သဟာယယဇ်ကောင်၏ယာဘက်ပေါင်ကို အလှူပစ္စည်းအဖြစ် ယဇ်ပုရောဟိတ်အား ပေးရမည်။
33
ထိုယာဘက်ပေါင်သည် မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီကိုပူဇော်ပေးသော အာရုန်၏သားအတွက် ဝေစုဖြစ်၏။
34
အကြောင်းမူကား အစ္စရေးအမျိုးသားတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် ငါသည် မိတ်သဟာယယဇ်များထဲမှ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံနှင့် အလှူပစ္စည်းဖြစ်သောယာဘက်ပေါင်ကို အစ္စရေးအမျိုးသားတို့ထံမှယူ၍ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားတို့အား ပေးပြီ”ဟု မိန့်တော်မူ၏။
35
ဤဝေစုသည် ယဇ်ပုရောဟိတ်အဖြစ် ထာဝရဘုရားထံ၌ အမှုတော်ကိုဆောင်ရွက်ရန် အာရုန်နှင့်သူ၏သားတို့ကို ခန့်အပ်သောနေ့မှစ၍ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ထဲမှ အာရုန်၏ဝေစုနှင့် သူ့သားတို့၏ဝေစုဖြစ်၏။
36
သူတို့ကို ဘိသိက်ပေးသောနေ့၌ အစ္စရေးအမျိုးသားတို့သည် သူတို့အား ထိုဝေစုကိုပေးရန် ထာဝရဘုရား မိန့်မှာတော်မူခဲ့၏။ ၎င်းသည် သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။
37
ဤသည်ကား မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်၊ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်နှင့် မိတ်သဟာယယဇ်တို့နှင့်ဆိုင်သောတရားဖြစ်၏။
38
ထာဝရဘုရားသည် သိနာတောကန္တာရ၌ အစ္စရေးအမျိုးသားတို့က ထာဝရဘုရားအား ပူဇော်သက္ကာကို ပူဇော်ရမည်ဟု မိန့်မှာတော်မူသောနေ့၌ပင် ထိုတရားတို့ကို မောရှေအား သိနာတောင်ပေါ်၌ မိန့်တော်မူခဲ့၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27