bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 20
Leviticus 20
Burmese MSBU
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 21 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“သင်သည် အစ္စရေးအမျိုးသားတို့အား ‘အစ္စရေးအမျိုးသားထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူလျှင် သူသည် မုချအသတ်ခံရမည်။ ပြည်သူပြည်သားတို့သည် သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
3
ထိုသူသည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူခြင်းဖြင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏သန့်ရှင်းသောနာမတော်ကိုရှုတ်ချသောကြောင့် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
4
မိမိသားမြေးကို မောလုတ်ဘုရားအား ပေးလှူသောသူကို ပြည်သူပြည်သားတို့သည် မျက်ကွယ်ပြု၍ သူ့ကို မသတ်ဘဲနေလျှင်
5
ငါသည် ထိုသူနှင့် သူ၏မျိုးနွယ်စုကို မျက်နှာလွှဲပြီး ထိုသူနှင့်တကွ သူ၏နောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောသူများဖြစ်သည့် မောလုတ်ဘုရားနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောသူအပေါင်းတို့ကို သူတို့၏လူမျိုးမှ ငါပယ်ဖျက်မည်။
6
တစ်စုံတစ်ယောက်သည် နတ်ဝင်သည်များနှင့်နတ်ထိန်းများထံသို့လှည့်၍ သူတို့နောက်သို့လိုက်ပြီး ဖောက်ပြန်မှားယွင်းလျှင် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
7
ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းသောသူများဖြစ်ရမည်။
8
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ လိုက်နာရမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
9
တစ်စုံတစ်ယောက်သည် ကိုယ့်မိဘကို ကျိန်ဆဲလျှင် သူသည် မုချအသတ်ခံရမည်။ သူသည် မိဘကို ကျိန်ဆဲသောကြောင့် သူ၏သွေးသည် သူ့အပေါ်၌ ကျရောက်မည်။
10
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
11
တစ်စုံတစ်ယောက်သည် မိမိဖခင်၏မယားနှင့်အိပ်လျှင် သူသည် မိမိဖခင်ကိုရှုတ်ချ သည်ဖြစ်၍ သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
12
တစ်စုံတစ်ယောက်သည် မိမိ၏ချွေးမနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့သည် ညစ်ညမ်းသောအမှုကို ပြုခြင်းဖြစ်၏။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
13
တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
14
တစ်စုံတစ်ယောက်သည် သမီးကိုရောအမေကိုပါ မယားအဖြစ်ယူလျှင် ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။ သင်တို့ထဲ၌ ညစ်ညမ်းသောအမှုမရှိစေရန် ထိုသူနှင့်တကွ မိန်းမနှစ်ဦးစလုံးကို မီးရှို့ပစ်ရမည်။
15
တစ်စုံတစ်ယောက်သည် တိရစ္ဆာန်နှင့်မေထုန်ပြုလျှင် သူသည် မုချအသတ်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။
16
မိန်းမသည် တိရစ္ဆာန်တစ်ကောင်ကောင်ထံသို့ချဉ်းကပ်၍ မိတ်လိုက်ခြင်းကိုပြုလျှင် ထိုမိန်းမနှင့်တကွ တိရစ္ဆာန်ကိုပါ သတ်ရမည်။ သူတို့သည် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
17
တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံ ခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
18
ယောက်ျားသည် ဓမ္မတာလာနေသောမိန်းမနှင့်အိပ်၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုသူသည် မိန်းမ၏သွေးသွန်ခြင်းကိုဖော်၍ မိန်းမသည်လည်း မိမိ၏သွေးသွန်ခြင်းကိုပေါ်စေသောကြောင့် သူတို့နှစ်ဦးစလုံးသည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
19
သင့်မိခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဖြစ်စေ၊ သင့်ဖခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဖြစ်စေ ဆက်ဆံခြင်းကိုမပြုရ။ မိမိနှင့်ဆွေမျိုးနီးစပ်သူကို ရှုတ်ချခြင်းဖြစ်သောကြောင့် သူတို့သည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
20
တစ်စုံတစ်ယောက်သည် ဘကြီး၊ သို့မဟုတ် ဘထွေး၏မယားနှင့်အိပ်ခြင်းဖြင့် ဘကြီး၊ သို့မဟုတ် ဘထွေးကိုရှုတ်ချ လျှင် သူတို့သည် ကိုယ့်အပြစ် ကိုယ်ခံရမည်။ သူတို့သည် သေသည်အထိ သားသမီးမထွန်းကားဘဲနေရလိမ့်မည်။
21
တစ်စုံတစ်ယောက်သည် မိမိအစ်ကို၊ သို့မဟုတ် မိမိညီ၏မယားကိုယူလျှင် ထိုအမှုသည် ညစ်ညူးသောအမှုဖြစ်၏။ သူသည် မိမိအစ်ကို၊ သို့မဟုတ် ညီကိုရှုတ်ချ သောကြောင့် သူတို့သည် သားသမီးမထွန်းကားဘဲနေလိမ့်မည်။
22
သင်တို့ကို ငါပို့ဆောင်၍ သင်တို့နေထိုင်သည့်ပြည်သည် သင်တို့ကို မအန်ထုတ်မည့်အကြောင်း ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။
23
သင်တို့ရှေ့မှ ငါနှင်ထုတ်မည့်လူမျိုးတို့၏ပြဋ္ဌာန်းချက်များကို မလိုက်လျှောက်ရ။ အကြောင်းမူကား သူတို့သည် ထိုသို့သောအမှုရှိသမျှတို့ကို ပြုကျင့်ကြ၍ ငါသည် သူတို့ကို ရွံရှာမုန်းတီး၏။
24
ငါသည် သင်တို့အား “သင်တို့သည် သူတို့၏မြေကိုပိုင်ဆိုင်ရလိမ့်မည်။ နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော သူတို့၏ပြည်ကို သင်တို့အား ငါအပိုင်ပေးမည်”ဟု မိန့်ဆိုခဲ့ပြီ။ ငါသည် သင်တို့ကို အခြားလူမျိုးများနှင့် သီးခြားခွဲထားသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
25
သို့ဖြစ်၍ သင်တို့သည် စင်ကြယ်သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောငှက်နှင့် စင်ကြယ်သောငှက်ကို ခွဲခြားထားရမည်။ သင်တို့အဖို့ မစင်ကြယ်သောအကောင်အဖြစ် ငါခွဲခြားထားသည့် တိရစ္ဆာန်အားဖြင့်ဖြစ်စေ၊ ငှက်အားဖြင့်ဖြစ်စေ၊ မြေပေါ်မှာတွားသွားသော အကောင်တစ်ကောင်ကောင်အားဖြင့်ဖြစ်စေ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။
26
ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သင်တို့ကို ငါပိုင်ဆိုင်ရန် အခြားလူမျိုးများနှင့် သင်တို့ကို ငါခွဲခြားထားပြီ။
27
ယောက်ျားထဲတွင်ဖြစ်စေ၊ မိန်းမထဲတွင်ဖြစ်စေ နတ်ဝင်သည်၊ သို့မဟုတ် နတ်ထိန်းရှိလျှင် မုချအသတ်ခံရမည်။ ထိုသို့သောသူတို့ကို ခဲနှင့်ပေါက်သတ်ရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27