bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Leviticus 18
Leviticus 18
Burmese MSBU
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 19 →
1
တစ်ဖန် ထာဝရဘုရားက မောရှေအား
2
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
3
သင်တို့နေထိုင်ခဲ့သည့် အီဂျစ်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သင်တို့ကို ငါပို့ဆောင်မည့် ခါနာန်ပြည်၏ဓလေ့ထုံးစံအတိုင်း မပြုကျင့်ရ။ သူတို့၏ပြဋ္ဌာန်းချက်တို့ကို မလိုက်လျှောက်ရ။
4
သင်တို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာရမည်။ ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ ထိုစီရင်ထုံးဖွဲ့ချက်၊ ထိုပြဋ္ဌာန်းချက်အတိုင်းလိုက်လျှောက်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
5
သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်များနှင့် စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ ထိုအရာတို့ကိုပြုကျင့်လျှင် ထိုအရာတို့အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။
6
သင်တို့သည် မိမိနှင့်ဆွေမျိုးနီးစပ်သူမည်သူ့ကိုမျှ ဆက်ဆံ ရန် မချဉ်းကပ်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။
7
သင့်ဖခင်အား ရှုတ်ချခြင်းအမှုကိုမပြုရ။ သင့်မိခင်အား ရှုတ်ချခြင်းအမှုကိုမပြုရ။ သင့်မိခင်ဖြစ်သူနှင့်ဆက်ဆံခြင်းကို မပြုရ။
8
သင့်ဖခင်၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏ဖခင်ကိုရှုတ်ချခြင်းဖြစ်၏။
9
သင်နှင့်တစ်အိမ်တည်း၌မွေးသော၊ သို့မဟုတ် အခြားတစ်နေရာရာ၌မွေးသော သင့်ဖခင်၏သမီး၊ သို့မဟုတ် သင့်မိခင်၏သမီးဖြစ်သည့် သင်၏နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။
10
သင့်သား၏သမီး၊ သို့မဟုတ် သင့်သမီး၏သမီးကို ရှုတ်ချခြင်းအမှုဖြစ်သည့် သူတို့နှင့်ဆက်ဆံခြင်းအမှုကိုမပြုရ။ အကြောင်းမူကား ထိုအမှုတို့သည် သင့်ကိုယ်သင်ရှုတ်ချခြင်းဖြစ်၏။
11
သင်၏အဖေတူအမေကွဲ အစ်မ၊ သို့မဟုတ် နှမကိုရှုတ်ချခြင်းအမှုဖြစ်သည့် သူနှင့်ဆက်ဆံခြင်းအမှုကို မပြုရ။
12
သင့်ဖခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။ သူသည် သင့်ဖခင်နှင့်ဆွေမျိုးနီးစပ်သူဖြစ်၏။
13
သင့်မိခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုမပြုရ။ အကြောင်းမူကား သူသည် သင့်မိခင်နှင့်ဆွေမျိုးနီးစပ်သူဖြစ်၏။
14
သင့်ဖခင်၏အစ်ကို၊ သို့မဟုတ် ညီကို ရှုတ်ချခြင်းအမှုဖြစ်သည့် သူ၏မယားနှင့်ဆက်ဆံခြင်းအမှုကို မပြုရ။ သူသည် သင်၏အဒေါ်ဖြစ်၏။
15
သင့်ချွေးမနှင့်ဆက်ဆံခြင်းကိုမပြုရ။ သူသည် သင့်သား၏မယားဖြစ်၏။ သူနှင့်ဆက်ဆံခြင်းကိုမပြုရ။
16
သင်၏အစ်ကို၊ သို့မဟုတ် ညီ၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏အစ်ကို၊ သို့မဟုတ် ညီကို ရှုတ်ချခြင်းဖြစ်၏။
17
မယားပါသမီးနှင့် ဆက်ဆံခြင်းကိုမပြုရ။ သူ၏မြေးကို ဆက်ဆံခြင်းပြုရန် မယူရ။ သူတို့သည် ထိုမိန်းမနှင့်ဆွေမျိုးတော်စပ်သူဖြစ်၏။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။
18
မယားအသက်ရှင်စဉ် သူ၏အစ်မ၊ သို့မဟုတ် နှမကို မယားပြိုင်အဖြစ်ယူ၍ ဆက်ဆံခြင်းကိုမပြုရ။
19
ဓမ္မတာလာချိန် မစင်ကြယ်သောမိန်းမအား ဆက်ဆံခြင်းကိုပြုရန် မချဉ်းကပ်ရ။
20
သင့်အိမ်နီးချင်း၏မယားနှင့်မေထုန်ပြု၍ သူနှင့်အတူ ညစ်ညူးမှုကိုမပြုရ။
21
သင်၏သားမြေးတို့ကို မောလုတ်ဘုရားအားပူဇော်ရန် မပေးရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
22
မိန်းမနှင့် သင်အိပ်သကဲ့သို့ ယောက်ျားနှင့် မအိပ်ရ။ ထိုအမှုသည် စက်ဆုပ်ရွံရှာဖွယ်အမှုဖြစ်၏။
23
တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုခြင်းဖြင့် ထိုတိရစ္ဆာန်နှင့် ညစ်ညူးမှုကို မပြုရ။ မိန်းမသည်လည်း တိရစ္ဆာန်နှင့် ဆက်ဆံခြင်းကို မပြုရ။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။
24
ထိုသို့သောအမှုတစ်စုံတစ်ခုနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။ အကြောင်းမူကား သင်တို့ရှေ့မှ ငါနှင်ထုတ်သည့်လူမျိုးတို့သည် ထိုသို့သောအမှုရှိသမျှတို့ဖြင့် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေကြ၏။
25
ထို့ကြောင့် သူတို့၏ပြည်သည်လည်း ညစ်ညူး၏။ သို့ဖြစ်၍ ပြည်၏ဒုစရိုက်ကြောင့် ငါဒဏ်ခတ်သဖြင့် ပြည်သည် ပြည်သူပြည်သားတို့ကို အန်ထုတ်လေပြီ။
26
သင်တို့မူကား ငါ၏ပြဋ္ဌာန်းချက်များ၊ ငါ၏စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်။ သင်တို့၏အမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားဖြစ်စေ ထိုစက်ဆုပ်ရွံရှာဖွယ်တစ်စုံတစ်ခုကိုမျှ မပြုကျင့်ရ။
27
အကယ်စင်စစ် သင်တို့မတိုင်မီ ထိုပြည်၌နေထိုင်သောလူတို့သည် ထိုစက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကိုပြုကျင့်ကြသဖြင့် ပြည်သည် ညစ်ညူးလေပြီ။
28
သင်တို့သည် ထိုပြည်ကိုညစ်ညူးစေလျှင် ပြည်သည် သင်တို့ရှေ့၌ရှိသောလူမျိုးကိုအန်ထုတ်သကဲ့သို့ သင်တို့ကိုလည်း အန်ထုတ်လိမ့်မည်။
29
အကယ်စင်စစ် ထိုစက်ဆုပ်ရွံရှာဖွယ်များထဲမှတစ်စုံတစ်ရာကို ပြုကျင့်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
30
ထို့ကြောင့် သင်တို့ရှေ့၌ရှိသောသူတို့ပြုကျင့်ကြသည့် စက်ဆုပ်ရွံရှာဖွယ်ဓလေ့စရိုက်တို့ကိုမပြုကျင့်မိရန် သင်တို့သည် ငါ၏ညွှန်ကြားချက်ကိုစောင့်ထိန်းရမည်။ ထိုဓလေ့စရိုက်တို့အားဖြင့် သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27